Thursday, July 24, 2014

အဏုမြူစက်ရုံ ဖြစ်ရင်တောင်မှ ငံပြာရည်စက်ရုံလို့ သတင်းထောက်တွေ ပြောသင့်လို့ဆို


မြန်မာနိုင်ငံမှာ ​အဏုမြူစက်ရုံ ​ရှိနေရင်တောင် ​ငံပြာရည်စက်ရုံပါလို့သာ ​မီဒီယာတွေဟာ ​မျိုးချစ်စိတ် ​ရှိရှိနဲ့ ​ပြောဆိုသင့်ကြောင်း ​မကွေးမြို့ ​အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ​ဦးလှဆွေက ​ပြောဆိုလိုက်ပါတယ်။

သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့ သတင်းထောက်တွေ နိုင်ငံတော်လျှို့ဝှက်ပေါက် ကြားမှုဥပဒေနဲ့ ​ယူနတီဂျာနယ် ​အမှုဆောင်အရာရှိ ချုပ်နဲ့ ​သတင်းထောက် ​၄ ​ဦးကို ​အလုပ်ကြမ်းနဲ့ ​ထောင်ဒဏ် ​၁၀နှစ်စီ ​ချမှတ်ထားတဲ့ကိစ္စနဲ့ ​ပတ်သက်ပြီး ​ဦးလှဆွေက ​အခုလို ​ပြောပါတယ်။

"တကယ်လို့ ​အဲဒီဟာကြီးဟ ​အဏုမြူစက်ရုံကြီး ​ဓါတုစက်ရုံကြီး ​အဲလိုမျိုးဖြစ်နေ တယ်ဆိုရင်တောင်မှ ​ငံပြာရည်စက်ရုံကြီးပါ ​လို့ ​မျိုးချစ်စိတ်ဓါတ် ​ရှိရှိနဲ့ ​ကာကွယ်ပြောဆိုသင့်တာပေါ့။ ​နောက်ပြီးတော့ ​ဓါတုစက်ရုံလည်း ​မဟုတ်ပါဘူး။ ​၁၉၈၆ ​လောက်ကပဲ ​ဗမာပြည်မှာ ​မရှိတော့ဘူးလို့ ​သိရတယ်။”

လွှတ်တော်ကိုယ်စားလှယ် ​ဦးလှဆွေဟာ ​လက်နက်ကိုင်တပ်ဖွဲ့တွေကို ​အစိုးရက ​ရွှေလက်နဲ့ ​ခေါ်နေတာ ဒါကို ​လက်မခံရင် ​ဘူးလက်ကျည်ဆံ ​လွတ်လိုက်မယ် ​စတဲ့ ​ပြောဆိုမှုတွေကြောင့် ​ဝေဖန်ခံရဖူးတဲ့ ​လွှတ်တော်ကိုယ်စားလှယ် ​ဖြစ်ပါတယ်။

အစိုးရနဲ့မီဒီယာကြားမှာ ​အဲဒီလို ​ဖြစ်နေတာတွေဟာ ​အမျိုးသား ​စည်းလုံး ညီညွတ်မှုမရှိသေးလို့ ​ဖြစ်တယ်လို့ ​နိုင်ငံခြားသတင်းထောက်အသင်းဝင် ​NHK ​သတင်းထောက် ​ကိုသီဟသွယ်က ​ပြောပါတယ်။

"သူပြောချင်တာ ​၀ိုင်း ​ကာကွယ်ပေးဖို့။ ​မှန်တယ်။ ​ဒါပေမဲ့ ​လူထုနဲ့ ​အစိုးရ ​တသားတည်းမရှိလို့ ​သာလျှင်၊ ​အစိုးရအပေါ်မှာ ​လူထုက ​မယုံကြည်လို့သာလျှင်၊ ​ရန်သူလို့ ​မြင်နေလို့သာလျှင်၊ဒီလိုမျိုးအမျိုးသားစည်းလုံး ညီညွတ်မှုမရှိတဲ့ အတွက် ​လုံခြုံရေးဟာ ​ထိပါးနေတာ။ ​အခု ​၁၀ ​နှစ်ချလိုက်တာဟာ ​အမျိုးသား စည်းလုံး ညီညွတ်ရေးကို ​အမျိုးသား ​ကာကွယ်ရေးကိုလည်း ​ထိထိရောက်ရောက် ​ကာကွယ်ရာမရောက်သလို ​စည်းလုံးရေး ​ညီညွတ်ရေးကိုလည်း ​ပိုပျက်ပြားစေတယ်။"

ယူနီတီသတင်းသမားတွေကို ​ထောင်ဒဏ် ​၁၀ ​နှစ်ချမှတ်လိုက်သလို ​မွန်းတည့်နေဂျာနယ် ​အယ်ဒီတာ ​၄ ​ဦး၊ ​သတင်းထောက် ​၁ ​ဦးနဲ့ ​ထုတ်ဝေသူ တို့ကိုလည်း ​ဖမ်းဆီးထားတဲ့အပြင် ​မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ ​မီဒီယာလွတ်လပ်မှုအတွက် ​ဆန္ဒပြခဲ့တဲ့ ​သတင်းထောက်တွေ ​ကိုလည်း ​တရားစွဲမယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေတဲ့အတွက် ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။

ဒီလိုအခြေအနေကြောင့် ​မြန်မာနိုင်ငံ ​စာနယ်ဇင်းကောင်စီ ​(ယာယီ)နဲ့ ​စာနယ်ဇင်း ​သတင်းမီဒီယာ ​သမားတွေရဲ့ ​တင်ပြမှုကို ​လွှတ်တော်အနေနဲ့ ​စဉ်းစားသုံးသပ်မှုလုပ်ဖို့ ​လိုအပ်သလို ​အစိုးရအနေနဲ့လည်း စဉ်းစားဆောင် ရွက်ပေးဖို့လိုကြောင်းနဲ့ ​ပြည်ထောင်စု ​လွှတ်တော်နာယက ​သူရဦးရွှေမန်းက ​သမ္မတဆီကို ​တောင်းဆို ​သဝဏ်လွှာတစ်စောင် ​ပေးပို့ခဲ့တဲ့အကြောင်းလည်း ​ရေဒီယို ​သြစေတြးလျသတင်းထောက် ​မေငယ် ​က ​သတင်းပေးပို့ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List