Tuesday, July 22, 2014

အင်ဒိုနီးရှားတွင် သမ္မတရွေးကောက်ပွဲရလဒ် ညနေ ၄ နာရီ ကြေညာမည်


အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေကို  ဒီနေ့ ညနေ ၄ နာရီ တရားဝင် ကြေညာဖို့ ရှိနေ တာကြောင့် ဂျကာတာမြိုတော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးနားမှာ လုံခြုံရေးတွေကို အထူးတင်းကျပ်ထားပြီး တနိုင်ငံလုံးမှာ ရှိတဲ့ ရဲတပ်ဖွဲ့နဲ့ စစ်သားတွေကိုလည်း တပ်လှန့် ထားရပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာမှာ တတိယလူဦးရေ အများဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် အခုအထိတော့ အကြမ်းဖက် မှုတွေ ပေါ်ပေါက်တဲ့ သတင်းတွေ မရှိပါဘူး။

အကြိုရလဒ်တွေ အတော်များများမှာ ဂျကာတာမြို့တော်ဝန် ဂျိုကိုဝီ ဒိုဒိုက ဆူဟာတိုခေတ်က အထူးတပ်ဖွဲ့ရဲ့ အကြီးအကဲ ပရာဘိုဝို ဆူဘီယံတိုထက် ၅ ရာခိုင်နှုန်းဝန်းကျင်နဲ့ အသာစီးရနေတာကို ပြသနေပါတယ်။

ပရာဘိုဝိုက အရှုံးကို လက်မခံသေးဘဲ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်လို့ စွပ်စွဲပြီး နှစ်ပတ်ကြာ စုံးစမ်းမှုတွေ လုပ်ပြီးမှ ရလဒ်ကို ကြေညာဖို့ တောင်းဆိုထားပါတယ်။

ဒီနေ့မှာ ရွေးကောက်ပွဲကော်မရှင်က တရားဝင်ရလဒ်ကို ကြေညာပြီးရင်လည်း ပရာဘိုဝိုက ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှာ အယူခံ တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ဒါပေမယ့် သူ့ရဲ့ အယူခံ အောင်မြင်နိုင်ဖွယ် မရှိဘူးလို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။

ဇူလိုင် ၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲဟာ လက်ရှိသမ္မတ ဆူစီလို ဘန်ဘမ်း ယူဒိုယိုနိုနေ ရာမှာ ဆက်ခံမယ့် သမ္မတကို အင်ဒိုနီးရှားပြည်သူတွေက တိုက်ရိုက်မဲပေးစနစ်နဲ့ ရွေးချယ်တဲ့ တတိယမြောက် သမ္မတရွေးကောက်ပွဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှား သမိုင်းမှာ အကြိတ်အနယ်အရှိဆုံး ရွေးကောက်ပွဲလည်း ဖြစ်ခဲ့ပြီး မဲရုံတွေ ပိတ်တဲ့အချိန်မှာ သမ္မတလောင်း ၂ ဦးလုံးက အနိုင်ရတယ်လို့ ကြေညာခဲ့ကြပါတယ်။

DVB

No comments:

Post a Comment

My Blog List