Wednesday, July 23, 2014

အမျိုးသားလွှတ်တော် ရေးရာကော်မတီများ ပြန်လည်ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌရာထူး အပြောင်းအလဲများ ဖြစ်ပေါ်


အမျိုးသားလွှတ်တော် ရေးရာကော်မတီများ ပြန်လည်ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌရာထူး ပြောင်းလဲမှုများရှိကြောင်း သတင်းရရှိသည်။ ဇူလိုင် ၂၂ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ရေးရာကော်မတီများနှင့် လွှတ်တော်အုပ်ချုပ်မှု မူဝါဒဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေး အဖွဲ့နှင့် ကော်မတီများ ဖျက်သိမ်းခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်းများကို အမျိုးသားလွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက် ရယူခဲ့သည်။

အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည့် အမျိုးသားလွှတ်တော် ရေးရာကော်မတီများ အနက် ဥပဒေကြမ်းကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေး ကော်မတီ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ စသည့်တို့တွင် ကော်မတီဥက္ကဋ္ဌရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ရီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးမှတ်ကြီး၊ နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌအဖြစ် ဦးမန်းအောင်တင်မြင့်၊ သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌအဖြစ် ဦးလှဆွေ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌအဖြစ် ဦးမြင့်ထွန်းတို့အား ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာအေးမောင်သည် ကော်မတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခွင့်ပြုရန် ဇူလိုင် ၇ ရက်တွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြောင်း သိရသည်။

လက်ရှိဖွဲ့စည်းလိုက်သည့် အမျိုးသားလွှတ်တော် ရေးရာကော်မတီများနှင့် လွှတ်တော်အုပ်ချုပ်မှု မူဝါဒဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေး အဖွဲ့များ၏ သက်တမ်း အား ကော်မတီ စတင်ဖွဲ့စည်းသည့် သြဂုတ် ၁ ရက်မှ အမျိုးသား လွှတ်တော်၏ ကျန်ရှိသည့် သက်တမ်းအတိုင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List