Tuesday, July 22, 2014

နစ်မြုပ် သင်္ဘောကုမ္ပဏီပိုင်ရှင်၏ ရုပ်အလောင်း တောင်ကိုရီးယားရဲ အတည်ပြု


တောင်ကိုရီးယားနိုင်ငံ ဆန်းချမ်းခရိုင်မှာ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့က တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းဟာ ၀ရမ်းပြေး သင်္ဘော ကုမ္ပဏီပိုင်ရှင် ဖြစ်တယ်လို့ တောင်ကိုရီးယားရဲတွေက ဒီနေ့ ပြောပါတယ်။ပြီးခဲ့တဲ့ ဧပြီလက လူ ၃၀၀ ကျော် သေဆုံးခဲ့တဲ့ သင်္ဘောနစ်မြုပ်ခဲ့အပြီး သင်္ဘောကုမ္ပဏီပိုင်ရှင် ယိုးဗြောင်အွန်း (Yoo Byung-un) ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ရဲတွေက သူ့ကို အပူတပြင်း လိုက်လံရှာဖွေခဲ့မှုဟာ လည်း တောင်ကိုရီး ယားနိုင်ငံရဲ့ အကြီးဆုံးတရားခံပြေး ရှာဖွေမှု လည်း ဖြစ်ခဲ့ပါတယ်။

ယိုးဗြောင်အွန်းရဲ့ ရုပ်အလောင်း ကို တွေ့ရှိချိန်မှာ ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးနေခဲ့တာကြောင့် သူ့ရဲ့ လက်ဗွေရာကို ခက်ခက်ခဲခဲ ရယူစစ်ဆေးခဲ့ ရတယ်လို့ ဆိုပါတယ်။

ဒီအန်အေတိုက် စစ်ကြည့်တော့လည်း သူ့ရုံးခန်းက ရယူခဲ့တဲ့ နမူနာတွေနဲ့ တထပ်တည်းပဲလို့ ဆန်းချမ်းခရိုင်ရဲမှူးကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ယိုးဗြောင်အွန်းကို လိမ်လည်မှု၊ တာဝန်ပေါ့လျော့မှုနဲ့ အခွန်ရှောင်မှုတွေအတွက် ရဲက အလိုရှိခဲ့တာလည်း ဖြစ်ပါတယ်။

ယိုးဗြောင်အွန်းကို လက်ရ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့တာအတွက် တောင်ကိုရီးယား ပြည်သူတွေကို အစိုးရရှေ့နေတွေက တောင်းပန်ခဲ့ပြီး ၁ ရက်အတွင်းမှာပဲ တောင်ကိုရီးယားရဲတွေရဲ့ အတည်ပြုချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ကျောင်းသူနဲ့ ကျောင်းသားအများဆုံး သေဆုံးခဲ့ရတဲ့ ဧပြီလ သင်္ဘောနစ်မြုပ်ခဲ့ မှုဟာ တောင်ကိုရီးယားနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး ရေကြောင်း မတော်တဆမှုလည်း ဖြစ်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List