Friday, July 25, 2014

အငြိမ်းစားယူရမည့်အသက် (၆၃)နှစ် တိုးမြှင့်ခြင်းမှာ မဟုတ်ဟုဆို


နိုင်ငံဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို (၆၃)နှစ်အထိ တိုးမြှင့်လိုက်သည်ဆိုသော သတင်းများ ထွက်ပေါ် နေမှုမှာ မမှန်ကန်ကြောင်း ပြည် ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

နိုင်ငံဝန်ထမ်းများ သက် ပြည့်ပင်စင်ယူရမည့် အသက်ကို ၆၀ နှစ်မှ သုံးနှစ်တိုးပြီး ၆၃ နှစ် ပြည့်မှသာ သက်ပြည့်ပင်စင်ပေး မည်ဆိုသည့် သတင်းစကားများအနေဖြင့် မှန်ကန်မှုမရှိဟု ဇူ လိုင် ၂၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက လာရောက်ရှင်း လင်း တင်ပြခဲ့သည်။

ဇူလိုင် ၂၄ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ မြောင်မဲဆန္ဒနယ်မှ ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းငွေ၏ အသက် (၆၀) အစား (၆၃) နှစ်ပြည့်မှသာ သက်ပြည့် ပင်စင် သတ်မှတ်မည်မှာ မှန်ကန်မှုရှိ၊ မရှိ မေးမြန်းမှုကို ပြည် ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

‘‘ခုလောလောဆယ်မှာ ဘယ်ဝန်ကြီးဌာနကတော့ စာ ရောက်ပြီ ဘယ်ရုံးတော့ စာထွက် ပြီ၊ ဘယ်ဝန်ကြီး ဌာနကတော့ ၆၃ မှာ ပင်စင်ပေးတယ်ဆိုတဲ့ ကော လာဟလတွေဖြစ်နေပါတယ်’’ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးအုန်းငွေက လွှတ်တော် သို့ တင်ပြခဲ့သည်။

၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနည်းဥပဒေတွင် ၀န်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် နေ့ရက်သည် ယင်းဝန်ထမ်း အ သက် (၆၀) ပြည့်သည့်နေ့ရက် ဖြစ်သည်ဟု အတိ အကျဖော်ပြ ထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပ ဒေများအရ လောလောဆယ်တွင် ၀န်ထမ်းတစ်ဦးအငြိမ်း စားယူရမည့် အသက်သည်(၆၀) ပြည့်နှစ်ဖြစ်သည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပြောသည်။

၂၀၁၃ ခုနှစ် မေလ ၈ ရက် က နိုင်ငံဝန်ထမ်းဥပဒေကို ပြဋ္ဌာန်းထားခဲ့ပြီး နည်းဥပဒေများကို ယခု နှစ်မတ်လ ၂၆ ရက်က ပြဋ္ဌာန်း ထားခဲ့ခြင်းဖြစ်သည်။


7Day Daily

No comments:

Post a Comment

My Blog List