Friday, July 25, 2014

တောင်ကိုရီးယား ကူးတို့ရေယာဉ် နစ်မြုပ်မှု ရက်(၁၀၀)ပြည့် ကြေကွဲမှု အခမ်းအနားကျင်းပ


တောင်ကိုရီးယားနိုင်ငံတွင် Sewol ကူးတို့ရေယာဉ် နစ်မြုပ်မှု ရက်ပေါင်း(၁၀၀)ပြည့် ဝမ်းနည်းကြေကွဲမှု အခမ်းအနားကို စုရုံးကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင်(၂၄)ရက်က ဆိုးလ်မြို့တော်တွင် လူပေါင်း ထောင်နှင့်ချီစုရုံးကာ Sewol ရေယာဉ် နစ်မြုပ်မှုတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ကြေကွဲမှုကို ပြသ ခဲ့သည်။ ယင်းတို့အနက်တွင် သေဆုံးသွားသူ (၃၀၀)ဝန်းကျင်၏ ကျန်ရစ်သူ မိသားစုဝင် (၆၀၀)ကျော်လည်း တက်ရောက်ခဲ့ကြသည်။

သေဆုံးသူများ၏ မိသားစုဝင်များသည် အန်ဆန်မြို့မှ (၂)ရက်ကြာ လမ်းလျှောက်လာပြီး “မင်းတို့ကို ငါတို့ ဘယ်လိုများ မေ့လို့ရမှာလဲ” အစရှိသည့် စာတန်းများကို ကိုင်ဆောင်လာခဲ့ကြသည်။ ဧပြီလ (၁၆)ရက်က လူပေါင်း(၄၇၆)ဦးကို တင်ဆောင်လာသည့် ရေယာဉ် နစ်မြုပ်ရာ လူပေါင်း(၇၅)ဦးသာ အသက်ရှင်ခဲ့သည်။ သေဆုံးသူ အများစုသည် ဒန်ဝန် အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားလေးများ ဖြစ်ကြသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ လွှတ်တော်ဟာ ရေယာဉ်နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ အထူးသီးသန့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးမယ် ဆိုတာမျိုး ကတိပြုစေချင်ပါတယ်”ဟု မိသားစုဝင်များကို ဦးဆောင်လာသူ တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။ အောက်မေ့ကြေကွဲမှု အခမ်းအနားကို ဆိုးလ်မြို့ရှိ မြို့တော်ခန်းမရှေ့တွင် စုရုံးပြုလုပ်ခဲ့ကြသည်။

Sewol ရေယာဉ် နစ်မြုပ်မှုတွင် သမ္မတ ပါ့ခ်ဂွမ်ဟီးနှင့် သူမ၏ အစိုးရအဖွဲ့သည် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ကြုံခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းခဲ့သည့် ကမ်းခြေစောင့် တပ်ဖွဲ့ကိုပါ သမ္မတ အနေဖြင့် ဖျက်သိမ်းခဲ့ရသည်။

Channel Newsasia
7Day News Journal 

No comments:

Post a Comment

My Blog List