Friday, July 25, 2014

တိုင်းရင်းသား ထိပ်သီးညီလာခံအစည်းအဝေး ဦးဆောင်ကော်မတီဖွဲ့ရန် တစ်နေကုန် တံခါးပိတ်ဆွေးနွေး၊ ညီလာခံ ယနေ့စမည်


တိုင်းရင်းသားထိပ်သီး ညီလာခံအစည်းအဝေးတွင် တိုင်ပင်ဆွေးနွေးမည့် အစီအစဉ်များ နှင့် အစည်းအဝေး ဦးဆောင် ဆွေးနွေးရန် ဦးဆောင်ကော်မတီ ဖွဲ့စည်းနေသည့်အတွက် ညီလာခံကို မူလစီစဉ်ထားသည့် ဇူလိုင် ၂၄ ရက်တွင် မစတင်ဖြစ်ဘဲ ယနေ့ (ဇူလိုင် ၂၅ ရက်) မှသာ စတင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဦးဆောင်ကော်မတီကို ညီလာခံကျင်းပမည့်ခန်းမတွင်မဟုတ်ဘဲ လိုင်ဇာဟိုတယ်၌ ဇူ လိုင် ၂၄ ရက်က တစ်နေကုန် တံခါးပိတ်ဆွေးနွေးခဲ့ပြီး ညနေပိုင်းမှသာ ကော်မတီ ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် ညီလာခံကို ဇူလိုင်၂၅ ရက်တွင် စတင်နိုင်မည်ဖြစ် သည်။

ညီလာခံ ဦးဆောင်ကော်မတီကို NCCT အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူးတူးစေးဖိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။ ဒုတိယဥက္ကဋ္ဌ အဖွဲ့အဖြစ် ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ဦးဆောင်ပြီး ကျန် NCCT အဖွဲ့ဝင်များက အဖွဲ့ဝင်များအဖြစ် ပါဝင်မည်ဖြစ်သည်။

‘‘ဒီနေ့က ပဏာမဆွေးနွေးပွဲ လုပ်တာ။ ထိပ်သီးညီလာခံမစ တင်သေးဘူး’’ ဟု ဒေါက်တာ ဆလှိုင်းက ဆိုသည်။

NCCT ညီလာခံကို နှစ်ရက်ကြာ ဆွေးနွေးမည်ဖြစ်ပြီး ထိုညီလာခံပြီးနောက် တိုင်းရင်း သားလက်နက်ကိုင် အားလုံးပါဝင်သည့် ညီလာခံအား နောက်ထပ်နှစ်ရက်ကျင်းပမည်ဖြစ်သည်။

လိုင်ဇာညီလာခံတွင် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း၌ အစိုးရနှင့် ညှိ နှိုင်းရန် ကျန်ရှိ သည့်အချက်(၃၁)ချက်ကို အတည်ပြုဆုံးဖြတ်ရန် အပါအ၀င် အကြောင်းအရာ သုံး ခုအဓိကထားဆွေးနွေး သွားမည် ဖြစ်ပြီး နိုင်ငံရေးအရဆုံးဖြတ်ပေး နိုင်မည့် ဦးဆောင်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

‘‘တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုဖို့ အပါအ၀င် နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်ဟာ ကျွန်တော့် အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသည့်အတွက် ဒီနေ့ဖွဲ့စည်းလိုက်တဲ့ ဦး ဆောင်ကော်မတီဟာ ညီလာခံကို ဦးဆောင်မှာဖြစ်ပေမယ့် ရှေ့ ဆက်ပြီးတော့လည်း ကျွန်တော် တစ်ဦးတည်းရဲ့ အမြင်အရ ဒါ မျိုးက ရှေ့ဆက်ပြီးတော့ လိုအပ်မှာဖြစ်ပါတယ်။ ဦးဆောင်ကော် မတီဖွဲ့စည်းနိုင်တာဟာ အင်မတန် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်’’ဟု NCCT အကြံ ပေးပုဂ္ဂိုလ်ဒေါက်တာ ဆလိုင်း လျန်မုန်း ဆာခေါင်းက ဆိုသည်။

ဇူလိုင် ၂၅ ရက်တွင် စတင် မည်ဖြစ်သော လိုင်ဇာညီလာခံ၌ NCCT ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆောင် ရွက်ချက်များကို တင်ပြခြင်း၊ အစိုးရနှင့် ညှိနှိုင်းရန် ကျန်ရှိသည့် အချက်(၃၁)ချက်ကို အတည်ပြု နိုင်ရန် ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အဓိက ထား ဆွေးနွေးသွားကြ မည်ဖြစ်သည်။

ရှေ့လုပ်ငန်းစဉ်များတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးဖြစ်ပါက နှစ်ဖက် တပ်များလိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်များ ပူးတွဲစောင့်ကြည့်ရေး ယန္တရားများ နှင့် ပတ်သက်၍ အဓိကထား ဆွေးနွေး သွားကြမည်ဟု ဒေါက် တာဆလိုင်းက ဆက်လက်ပြော ကြားသည်။

NCCT ထိပ်သီးညီလာခံကို နှစ်ရက်သာကျင်းပပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် NCCT အဖွဲ့ ၀င်မဟုတ်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များနှင့် ဆက်လက်ဆွေးနွေး သွားမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment

My Blog List