Thursday, July 24, 2014

တပ်မတော်သား ကိုယ်စားလှယ်များ မေးခွန်းများမေးမြန်းလာ


မေးခွန်းမေးမြန်းခြင်း၊အဆိုတင်သွင်းခြင်းများပြုလုပ်မှု အနည်းဆုံးဖြစ်နေ ကြောင်း အမြဲ ဝေဖန်ခံနေရသည့် တပ်မတော် သားကိုယ်စားလှယ် ၁၇ ဦးခန့်က ကျင်းပဆဲ လွှတ်တော်အစည်း အဝေးများ၌ မေးခွန်းများစတင် မေးမြန်းလာကြောင်း သတင်းရရှိ သည်။

ဒသမအကြိမ်အထိ ပုံမှန် အစည်းအဝေးများပြုလုပ်ခဲ့သော လွှတ်တော်အစည်း အဝေးများတွင် တပ်မတော် သားကိုယ်စား လှယ်များအနေဖြင့် မေးခွန်း၊ အဆိုများ တင်သွင်းမေးမြန်းမှု ပြုလုပ်ခြင်းနည်းပါးခဲ့သော်လည်း ယခုလ ၄ ရက်တွင်ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်း အဝေးမှစတင်ကာ မေးခွန်းမေး မြန်းမှု များပြုလုပ်ခဲ့ကြောင်း လွှတ် တော်အစည်းအဝေးအစီအစဉ် မှတ်တမ်းများ၌ ဖော်ပြထားသည်။

‘‘ကျွန်တော်တို့ကို မေးခွန်း မမေးဖို့၊ မပြောဖို့ ညွှန်ကြားထား တာတော့မရှိပါဘူး။ ပြည်သူတွေ အတွက် အကျိုးရှိမယ်၊ တကယ် ထိရောက်မယ်ဆိုရင် ကိုယ်ပိုင် လွတ်လပ်ခွင့်အရ မေးမြန်းတင် သွင်းခွင့်ရှိပါတယ်။ ကျွန်တော်တို့လည်း လွှတ်တော်ကိုယ်စားလှယ် တွေပဲလေ’’ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး က ပြောသည်။

 အမျိုးသားလွှတ်တော်အစည်းအဝေးများကို တစ်ပတ်လျှင် လေးရက်ခန့် ကျင်းပလေ့ရှိပြီး တစ်ရက်လျှင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှုန်းခန့် မေးခွန်းမေးမြန်းမှုများပြုလုပ်ခဲ့သော်လည်း ပြည်သူ့ လွှတ်တော်အစည်းအဝေးများတွင်မူ အရပ်သားလွှတ်တော် ကိုယ်စားလှယ်များကသာ မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်း ခြင်းများ ပြုလုပ်ခဲ့ကြသည်။

‘‘သူတို့အနေနဲ့က ဒီလိုဖြစ် သင့်တာကြာပြီဗျ။ အရင်ကတည်းက ဒီလိုလုပ်ရမှာ။ ဒီလိုမေးလာတယ်ဆိုတာ အသုံးကျလာတဲ့ သဘောပေါ့ဗျာ’’ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ပြောသည်။

ယခုကဲ့သို့ တပ်မတော်သားများ လွှတ်တော်လုပ်ငန်းစဉ်များတွင် ပါဝင်လာခြင်းသည် မူလက ထွက်ရှိ လာသော ဝေဖန်မှုများ ကြောင့်ဖြစ်နိုင်သော်လည်း ယခုကဲ့သို့ ပြောင်းလဲဆောင်ရွက်လာမှုအပေါ် ကြိုဆိုရ မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောတော်ပုလဲ က ပြောသည်။ 

အမျိုးသားလွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ် စားလှယ်များအနေဖြင့် မေးခွန်း မေးမြန်းခြင်းအပြင် လွှတ်တော်သို့တင်သွင်းသော အဆိုများကိုပါ ဝင်ရောက်ဆွေးနွေးမှုပြုခဲ့ကြပြီး ဒေသဆိုင်ရာမေးခွန်းများကို မေး မြန်းခြင်းမပြုဘဲ တစ်ပြည်လုံး အတိုင်းအတာနှင့်သက်ဆိုင်သော မေးခွန်းများကိုသာ မေးမြန်းခဲ့ကြ သည်။

7Day News Journal 

No comments:

Post a Comment

My Blog List