Wednesday, July 23, 2014

ချစ်သူက အပြင်ကဖြစ်ပြီး သူမထက် အသက်ကြီးတယ်လို့ဖွင့်ဟလာတဲ့ ခရစ္စတီးနား



အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာ ၁၀ နှစ် ပြည့်ခါနီးနေပြီဖြစ်တဲ့ ခရစ္စတီးနားက ပရိသတ်ကို ချစ်လို့မ၀သေးတဲ့ အတွက် သူမရဲ့ အချစ်ရေးကို လျစ်လျူရှုထားခဲ့ပေမဲ့ ဖူးစာရှင်ကတော့ ရှိနေပြီလို့ ဖွင့်ဟလာတာကြောင့် သူမရဲ့အနုပညာ နဲ့ သူမရဲ့ ချစ်သူအကြောင်း တစ်စေ့တစ်စောင့် မေးမြန်းဖြစ်ခဲ့တဲ့အခါ သူမက “ခုရိုက်နေတဲ့ ကားလေးက တကယ့်အဖြစ် အပျက်ကို ပြန်ရိုက်နေတာပေါ့။ 
မှုခင်းဆန်တဲ့ ကားလေးပေါ့။ မင်းသားက သရုပ်ဆောင်သစ်မော်ကွန်းနဲ့ပါ။ ဒါရိုက်တာကတော့ ဦးရှိုင်းကို စီစဉ်တာ၊ ခရစ်က မိဘတွေ အသတ်ခံရတယ်။ ရွှေဆိုင်ဖွင့်ထားတယ်တဲ့။ ဂီတ နဲ့ပတ်သတ်ပြီးတော့လဲ ဟိုတလောက ဘန်ကောက် ရှိုးသွားဆိုဖြစ်တယ်။ နယ်ရှိုးတွေလဲ ဆိုဖြစ်တယ်။ 



သီချင်းကတော့ ပရိသတ်နဲ့အဆက်မပြတ်အောင်လို့ပေါ့နော်။ တစ်ကိုယ်တော်ခွေကတော့ ထုတ်ဖို့အစီအစဉ် မရှိသေး ပါဘူး။ ဆိုဖြစ်တာကတော့ ကိုယ်ကြိုက်တဲ့ သီချင်းပေါ့။ ဘန်ကောက်ရှိုးဆိုရင် တော်တော်လေး အားပေးကြတယ်။ အဲဒီလောက်အားပေးမယ်လို့လဲ မထင်ထားဘူး”တဲ့။

ဇာတ်လမ်းရွေးချယ်မှုအပိုင်းကလည်း “ဇာတ်ကိုပဲ အဓိက ဦးစားပေးရွေးချယ် ပါတယ်။ ခရစ်တို့ကလဲ အနုပညာလောက မှာ သက်တမ်းအရကြာလာပြီဆိုတော့ အသစ်ကလေးတွေနဲ့တွဲရိုက်ရတာမျိုးတွေရှိတယ်။ ဇာတ်ကောင်းမယ်ဆိုရင် ဗီလိန် ကာရိုက်တာ မျိုးဆိုလဲ ခရစ်မငြင်းပါဘူး။ ရိုက်ပါတယ်။” လို့ သူမက ဖွင့်ဟသွားပါတယ်။

သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့လဲ သူမက “ချစ်သူကတော့ ရှိပါတယ်။ ချစ်သူကတော့ အပြင်ကပါ။ သူနဲ့က နဲနဲတော့ကြာပြီ။ ဘယ်တော့လောက်လဲ ဆိုတော့ ခရစ်အနုပညာအလုပ်တွေကိုပဲ ဦးစားပေးလုပ်ဖြစ်မှာပါ။ လက်ထပ်ဖို့ ကတော့ လောလောဆယ် အစီအစဉ်မရှိသေးပါဘူး။ ရှိရင်တော့ ပရိသတ်ကို ပဲ အရင်ကြေညာမှာပါ။ သူ့ကို ရွေးချယ်ဖြစ် တာက ချစ်ခြင်းရော မေတ္တာရောပါလို့ သူ့ကို ရွေးချယ်ဖြစ်တာပါ။ 



ခရစ် ဘယ်တော့မှ ကိုယ်ထက်ငယ်တဲ့သူတွေကို ကြိုက်လေ့မရှိဘူး။ ခရစ်ထက်ကြီးပါတယ်။ အပြင်စီးပွားရေးလုပ်ပါတယ်။ ခုလက်ရှိကတော့ ချစ်သူနဲ့ စိတ်ချမ်းသာရတယ်။ ပျော်ရတယ်။ ကိုယ့်ဟာကိုလဲစိတ်ချမ်းသာအောင်ပျော်အောင်နေ ပါတယ်”တဲ့။

Trend Myanmar

No comments:

Post a Comment

My Blog List