Thursday, July 24, 2014

ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွင် ယခင်ရွေးကောက်ပွဲများ၌ မကျင့်သုံး ဖူးသည့် စနစ်အများအပြား ထည့်သွင်းရေးဆွဲထား


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရေးဆွဲနေသည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် မသန်စွမ်း သူများရွေးကောက်ခံ ကိုယ်စားလှယ်အနေဖြင့် အရည်အချင်းပြည့်မီပါက အမည်စာရင်းတင်သွင်းခွင့်ကဲ့သို့ ယခင်ရွေးကောက်ပွဲများတွင် မကျင့်သုံးဖူးသည့်စနစ်အများအပြား ထည့်သွင်းရေးဆွဲထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နည်းဥပဒေပြင်ဆင်ရေးကော်မတီမှ သိရသည်။

"နိုင်ငံတကာမှာကြည့်တဲ့အခါကျတော့ ဥပဒေနဲ့ပတ်သက်လို့ သူတို့က တော်တော်လေးကို ဆောင်ရွက်ထား တာရှိတယ်။ အခု ဒီက မသန်စွမ်း အဖွဲ့အစည်းတွေကလည်းတင်ပြတော့ အခုအဓိပ္ပာယ်ဖွင့်ဆိုပေးတယ်။ နောက် သူတို့မှာ မဲစာရင်းတွေကိုပါဝင်မှု၊ နောက်ရွေးကောက်ခံမယ့် ကိုယ်စား လှယ်လောင်းအနေနဲ့လည်း အရည်အချင်းပြည့်တယ်ဆိုရင် အမည်စာရင်းတင် သွင်းခွင့်ရှိဖို့ဆိုတာ မသန်စွမ်းသူအပါအ၀င်ဆိုပြီးတော့ စကားရပ်လေးတွေ ထည့်ပေးတယ်။ နောက် မဲရုံမှာ မဲပေးတဲ့အခါကျတော့ သူတို့တွန်းလှည်းတို့၊ ဘာတို့ဆို ရင်လည်း အလွယ်တကူ အတားအဆီးမရှိ သွားလို့၊ လာလို့ ရအောင်ဆိုပြီးတော့ အခုပြင်ပေးဖို့ အဲဒီလိုလုပ် ထားတယ်" ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နည်းဥပဒေပြင်ဆင်ရေးကော်မတီမှ ဦးညွန့်တင်က ပြောကြားသည်။

ထို့ပြင် ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွင် ယခင် ၂၀၁၀ ရွေးကောက်ပွဲစနစ်များကဲ့သို့ မဟုတ်ဘဲ ကြိုတင်မဲစာရင်းများအား ကြိုတင်ကြေညာခြင်း၊ အများကြည့်ရှုနိုင်ရန် စာရင်းကပ်ပေးခြင်း၊ မဲပုံးများအား ချိတ်ပိတ်စနစ်နှင့် အသုံးပြုကာ ကိုယ်စားလှယ်များကိုယ်တိုင် စောင့်ကြည့်စေခြင်း စသည်ဖြင့် နည်းဥပဒေများအား ယခင်ရွေးကောက်ပွဲစနစ်များနှင့်မတူ ပြင်ဆင်ရေးဆွဲထားကြောင်း သိရသည်။

"ဆရာတို့မှာ ၂၀၁၀ တုန်းက ပြဿ    နာတော်တော်များများရှိတယ်။ ကြိုတင်မဲ ဆိုတာ။ မဲစာရင်းလည်း မသိရဘူး။ ကြိုတင်မဲ ဘယ်သူတွေပေးလည်းမသိ ရဘူးဆိုတဲ့ပြဿ     နာပေါ့နော်။ အခု အဲဒါတွေမဖြစ် ရအောင်ဆိုပြီးတော့ ကြိုတင်မဲစာရင်းကိုလည်း ကြေညာပေးမယ်။ ကပ်ပေးမယ်။ နိုင်ငံခြားရောက် တဲ့စာရင်းလည်း ကပ်ပေးမယ်။ ဒီပြည်တွင်းကလည်း မဲဆန္ဒနယ်ပြင်ပရောက် တာလည်း ကပ်ပေးမယ်။ နောက် အဲဒီကမဲတွေလာရင် ဟိုတုန်းကတော့ ဒီအတိုင်း ဘယ်မှာထားမှန်းမသိဘူးပေါ့။ အခုကျတော့ ချိတ်ပိတ်တဲ့မဲပုံးထဲကို ထည့်ရမယ်။ ချိတ်ပိတ်တဲ့မဲပုံးနဲ့ထားမယ်။ ချိတ်ပိတ်တဲ့အခါကျရင်လည်း ကိုယ်စား လှယ်တွေပါ သူတို့ရဲ့ကိုယ်စားလှယ်တွေပါ အကုန်ကြည့်လို့ရမယ်။ ကြည့်ပြီးမှ သူတို့ရှေ့မှာချိတ်ပိတ်မယ်။ ဒါတွေလည်း လုပ်ပေး ထားတယ်}}ဟု ဦးညွန့်တင်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် မဲဆန္ဒနယ်စာရင်း ကြေညာခြင်း၊ မဲစာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာကြေညာချက်များ ထုတ်ပြန်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းနှင့် ရွေးကောက် ပွဲကိုယ်စားလှယ် ခန့်ထားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းခြင်းများ စိစစ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာ ရုပ်သိမ်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်ပြီးနောက် ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများ စသည့်လုပ်ထုံးလုပ်နည်းများ ပါဝင်ကြောင်း သိရသည်။

၂၀၁၄ နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတရန်ရည်ရွယ်၍ ယခင်ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲနည်းဥပဒေမှ အချက်အများစု အား ပြင်ဆင်ရေးဆွဲနေသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင် ၁ ရက်ကထုတ်ပြန်ခဲ့ သည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက် (၁/၂၀၁၄) မှာမူ နိုင်ငံရေးပါတီများကြား ဝေဖန်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List