Thursday, July 24, 2014

မလေးရှား လေယာဉ်မှ အလောင်းများ ပထမအသုတ် နယ်သာလန်သို့ ရောက်ရှိ































ယမန်နေ့တွင် နယ်သာလန် နိုင်ငံသား အများစုပါဝင်သော မလေးရှား ခရီးသည်တင် လေယာဉ် MH17 မှ အလောင်း ၄၀ ကို လေယာဉ်နှစ်စီးဖြင့် သယ်ဆောင်လာ၍ ယခုအခါ နယ်သာလန်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပြီး ဝမ်းနည်းခြင်း အထိမ်း အမှတ်များ ပြုလုပ်ခဲ့ ကြသည်။ 

အလောင်းများကို နယ်သာလန် ဘုရင်နှင့် ဆွေမျိုးအသိုင်းအဝိုင်းက လက်ခံ စောင့်ကြိုခဲ့ပြီး လေယာဉ်များ မရောက်မီ အချိန်အနည်းငယ် အတွင်း ၅ မိနစ်ခန့် ခေါင်းလောင်းများ ထိုးကြပြီး အလံများကို တိုင်ဝက် လွှင့်ထူ ခဲ့ကြသည်။ 

အလောင်းများကို နယ်သာလန်စစ်တပ်မှ ခန်းနားစွာ သယ်ချခဲ့ကြပြီး တဦးချင်းစီ မည်သူမည်ဝါဟု ခွဲခြား အမည်တပ်ကာ သက်ဆိုင်သူမိသားစုများက ကိုးကွယ် ရာဘာသာအတိုင်း ဂုဏ်သိက္ခာရှိစွာ သဂြိုလ်နိုင် သည်ထိ နယ်သာလန်အစိုးရက တာဝန်ယူသွားမည်ဟု သိရသည်။ 

ယင်းသို့ သေဆုံးသူများကို နယ်သာလန်က တခမ်းတနား အလေးအနက် ထားခြင်းသည် ရုရှားတို့၏ တာဝန်မဲ့လုပ်ရပ်များကို အရှက်ရစေဖွယ်ဖြစ်သည်။

ဧရာဝတီ 

No comments:

Post a Comment

My Blog List