ရန်ကုန်မြို့ထဲ ရေကြီးရေလျှံမှု လျော့နည်းစေရေး စစ်တမ်းကောက်ယူလျက်ရှိပြီး တွေ့ရှိချက်အတိုင်း ဆက်လက် အကောင် အထည်ဖော်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးအေးကိုက မဇ္ဈိမကို ပြောသည်။
ထို့အတွက် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ဇွန်လအတွင်းမှ စတင်စစ်တမ်း ကောက်ယူနေပြီး မြေအောက်မြောင်း ချဲ့ခြင်း၊ ရေစုပ်စက်ဖြင့် စုပ်ထုတ်ခြင်း၊ ရေကန်များ တူးဖော်ပြီး ရေစုပ်စက်ဖြင့် စုပ်ယူထားသည့် ရေများကို သိုလှောင် ကန်များတွင် သိုလှောင်ခြင်းတို့ကို လိုအပ်ချက်ပေါ်မူတည်ပြီး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။
“စစ်တမ်းကထွက်လာတဲ့ အချက်ကနေဘာလုပ်သင့်လဲ ဆက်သွားပါမယ်။ ဥပမာ ဆူးလေက မြစ်ထွက် ပေါက်ထဲကို ဆင်းတဲ့ ဘယ်လမ်းတွေက ရေတွေကဆင်း မယ်ဆိုတဲ့ဟာရှိတယ်။ ရေဝေရေလွှဲဧရိယာတွေ ရှာနေတယ်။ မိုးရေချိန် လက်မဘယ်လောက်ရှိတယ်။ မြစ်ရေဘယ်အချိန်မှာတက်လဲ၊ လိုအပ်တာတွေ တွက် ပြီးမှ ဘယ်လိုလုပ်ရမယ်ဆိုတာ ထွက်လာမယ်။ အဲ့ဒီစစ်တမ်းကရလာတဲ့ အချက်တွေပေါ်မူတည်ပြီး မဟာ ဗျူဟာရေးဆွဲ ဆက်လုပ်သွားမယ်” ဟု ပြောသည်။
စစ်တမ်းကောက်ယူမှုကို ဇွန်လမှ စတင်ကောက်ယူနေသော်လည်း အမြန်ဆုံး စာရင်းကောက်ယူ ပြုစုသွားမည်ဟု ဆိုသော်လည်း ကာလအပိုင်းအခြားကိုမူ မပြောနိုင်သေးကြောင်း ဒုတိယဌာနမှူးကပြောသည်။
ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ အသက် ၆၀နှစ်ရှိပြီဖြစ်သည့် ဦးမြင့် အောင်က “မြို့ထဲမှာရေလျှံ တာက အင်္ဂလိပ်လက်ထက်က မြောင်းကြီးတွေထဲမှာ မြေကြီးတွေ၊ နုန်းတွေပိတ်ပြီး ပြန်မဖော်တော့တဲ့အ တွက် ရေစီးရေလာ မကောင်းတော့တဲ့အတွက် မိုးရွာလိုက်တာနဲ့ ရေလျှံတာဖြစ်တယ်။အဲ့ဒီမြောင်းတွေထဲကို လူတစ်ဦးဆင်းလို့ရတယ်။ အခုဆိုရင် အဲ့ဒီမြောင်း အနက်ကရေစီးဖို့ တာတစ်ပေလောက်တောင် မရှိတော့ ဘူး” ဟု ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာန (အင်ဂျင်နီယာ)က မြေအောက် မြောင်းများထဲမှ အမှိုက်များရှင်းလင်းခြင်းကို တစ်မြို့နယ်ဝန်ထမ်း ၁၀ ဦးနှုန်းဖြင့် နေ့စဉ်ရှင်းလင်း ပေးလျက် ရှိသည်ဟုလည်း အဆိုပါ ဌာန၏ လက်ထောက်ဌာနမှူး ဦးတင်ထွန်းဦးက ပြောသည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် နှစ်စဉ် မိုးရာသီတိုင်း၌ မိုးရေချိန်လက်မ များများရွာသွန်းချိန်နှင့် အချိန် ကြာမြင့်လျှင် ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ လသာ၊ ဆိပ်ကမ်း၊ ပန်းဘဲတန်းမြို့နယ်များ ရေကြီးရေလျှံမှုများ ကြုံ တွေ့နေရသည်။
Mizzima - News in Burmese
No comments:
Post a Comment