အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ရက်ပေါင်း ခြောက်ဆယ်အတွင်း အစိုးရက လာရောက်ညှိနှိုင်း ဖြေရှင်းပေးဖို့ သပိတ်မှောက် ကျောင်းသားတွေ ကြေညာလိုက်ပြီး ရန်ကုန်မြို့တော်မှာ လေးရက်ကြာ ပြုလုပ်ခဲ့တဲ့ သပိတ်မှောက်မှုကို ဒီကနေ့မှာ စတင် ရပ်နားလိုက်ပါတယ်။
လတ်တလောမှာ သပိတ်မှောက်မှုတွေကို ခေတ္တ ဆိုင်းငံ့ထားမှာ ဖြစ်ပြီး ရက်ပေါင်း ခြောက်ဆယ်အတွင်း မဖြေရှင်းပေးရင် တစ်ပြည်လုံး အတိုင်းအတာနဲ့ ကျောင်းသား လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ်လို့ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တွေက ပြောဆိုပါတယ်။
ဆိုင်းငံ့ထားသည့် ရက်ပေါင်း ခြောက်ဆယ်အတွင်းမှာ ကျောင်းသားတွေ အနေနဲ့ နယ်လှည့် စည်းရုံးရေး လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင် သွားမယ်လို့လည်း သူတို့က ပြောဆိုပါတယ်။
ရက်ပေါင်း ခြောက်ဆယ်ဆိုတဲ့ အချိန်ဟာ အစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခုဖြစ်တယ်လို့ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။
ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေဟာ ကျောင်းသားထု လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ ကန့်သတ် ထိန်းချုပ်ထားတယ်ဆိုပြီး တက္ကသိုလ် ကျောင်းသားတွေက နိုဝင်ဘာလ ၁၄ ရက်နေ့က စတင်ဆန္ဒပြခဲ့ကြတာပါ။
The Voice Weekly
No comments:
Post a Comment