တက္ကသိုလ်ကျောင်း သားများ သပိတ်မှောက်နေသည့် အမျိုးသားပညာရေး ဥပဒေကိစ္စ ကို ပညာရေးဝန်ကြီးဌာနက ကြေ ညာချက်ထုတ်၍ တုံ့ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ အမျိုးသားပညာရေး ဥပဒေ နှင့်ပတ်သက်၍ အစိုးရနှင့်လွှတ် တော်မှ တာဝန်ရှိသူများအား ရက် ပေါင်း ၆၀ အတွင်း တွေ့ဆုံဆွေး နွေးရန် သပိတ်မှောက်ကျောင်းသားများက ရာဇသံ ပေးလိုက်ပြီး နောက် ဆန္ဒပြသပိတ်မှောက်မှုကို ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း ကျောင်းသားများက နိုဝင်ဘာ ၁၇ ရက် တွင် ကြေညာသည်။
‘‘ပညာရေးဝန်ကြီးဌာနအ နေနဲ့ကတော့ ညှိနှိုင်းပေးဖို့ ဆောင် ရွက်နေပါတယ်။ မနက်ဖြန်၊ သန်ဘက်ခါဆိုရင် သတင်း စာတွေမှာ ပညာရေးဝန်ကြီးဌာနရဲ့ ပညာ ရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး ကော်မတီက ထုတ်ပြန်ဖို့ရှိပါတယ်’’ ဟု ကျောင်းသားသပိတ် ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သော ပါမောက္ခချုပ်တစ်ဦးက ပြောသည်။
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ ဇော်မင်းအောင် တို့သည် ကျောင်းသားသပိတ်နှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့်စိန်ရတုခန်းမတွင် ယနေ့တွေ့ဆုံမည်ဖြစ်သည်။
နိုဝင်ဘာ ၁၇ ရက်တွင် အ မျိုးသားပညာရေး ဥပဒေအား ကန့်ကွက်သပိတ်မှောက်နေသော သပိတ်မှောက်ကျောင်းသား များသည် နေ့လယ် ၁ နာရီက စံပြ ရုပ်ရှင်ရုံရှေ့မှ မြို့တော်ခန်းမ ရှေ့သို့ လမ်းလျှောက်၍ သပိတ် မှောက်ဆန္ဒပြခဲ့ပြီး မဟာဗန္ဓုလ ပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။
သပိတ်မှောက်ခြင်း လေး ရက်မြောက်နေ့ဖြစ်သော နိုဝင် ဘာ ၁၇ ရက် ညနေတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ထိုရက်ပေါင်း ၆၀ အတွင်း တွေ့ဆုံဆွေးနွေးမှုမရှိပါက တစ် နိုင်ငံလုံးရှိ ကျောင်းသားများနှင့် ပြည်သူများအား လိုက်လံ စည်းရုံးကာ ကျောင်းသားအရေးတော်ပုံ အဖြစ် ပြောင်းလဲ၍ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ပြောကြားလိုက်ခြင်းဖြစ် သည်။
သပိတ်မှောက် ဆန္ဒပြခြင်း ကို အပြီးတိုင်ရပ်နားလိုက်ခြင်း မဟုတ်ဘဲ အချိန်ပေးထားသော ရက်ပေါင်း ၆၀ အတွင်း အခြား နည်းလမ်းများဖြင့် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက်သွားမည်ဖြစ်ကြောင်း သပိတ်မှောက်ကျောင်းသား များက ပြောသည်။
‘‘လက်ရှိတိုက်ပွဲကို အ ပြောင်းအလဲလုပ်လိုက်တာ။ ရက် ပေါင်း ၆၀ အတွင်း ဆွေးနွေးဖို့ ရာဇသံပေးထားတယ်။ အဲဒါမှ လာပြီး မဆွေးနွေးဘူးဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့တိုင်းမှာ သပိတ်ပွဲတွေ လုပ်သွားမယ်။ ကျောင်းသား အရေးတော် ပုံကြီး ပေါ်ပေါက်အောင် လုပ်သွားမယ်’’ ဟု ဒီမိုကရေစီပညာရေးလှုပ်ရှား မှု သပိတ်ဦးဆောင်ကော်မတီဝင် ကိုနန္ဒ စစ်အောင်က ပြောသည်။
သို့သော် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်း ထားသော အမျိုးသားပညာရေး ဥပဒေသည် နယ်ပယ်စုံမှ ပုဂ္ဂိုလ် များ ပါဝင်ဆွေးနွေးကာ အတတ် နိုင်ဆုံး ပြည့်စုံစေရန် အချိန်ယူ ရေးဆွဲထားသော ဥပဒေဖြစ်သ ဖြင့် လတ်တလောတွင် ဖျက်သိမ်း ပစ်ရန် မဖြစ်နိုင်သေးကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ က ပြောသည်။
‘‘တစ်ပြည်လုံး အတိုင်းအ တာအနေနဲ့ လွှတ်တော်ကော်မ တီတွေ၊ အစိုးရ၀န်ကြီးဌာနတွေ၊ ပြင်ပကပုဂ္ဂိုလ်အဖွဲ့အစည်း၊ ပညာ ရှင်တွေ အားလုံးပါဝင်ရေးဆွဲပြီး အတည်ပြုထားတဲ့ ဥပဒေဖြစ်ပါ တယ်။ ဒါကို ရုပ်သိမ်းပေးဖို့ကတော့ လွယ်မယ်မထင်ဘူး’’ဟု အဆိုပါ ဥပဒေကြမ်းအား ပါဝင်ရေးဆွဲခဲ့ သူ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဝင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမန်း ဂျော်နီက ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသော ခေတ်စနစ်နှင့် ညီညွတ်စေရန် မိမိ တို့ ဆောင်ရွက်နိုင်သည့် မူဘောင် အတွင်းမှ အဖြစ်နိုင်ဆုံး နည်း လမ်းများဖြင့် အကောင်းဆုံးဖြစ် စေရန် ဆောင်ရွက်ပေးထားခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ် တော် ဥပဒေကြမ်း ပူးပေါင်းကော် မတီ အတွင်းရေးမှူး ဦးစောလှ ထွန်းက ပြောသည်။
ဆန္ဒထုတ်ဖော်သူများ တောင်းဆိုနေသည့် ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ကိစ္စရပ်မှာလည်း မကြာမီ လွှတ်တော်သို့ တင်သွင်းမည့် အဆင့်မြင့်ပညာရေးဥပဒေကြမ်းတွင် ယင်းကိစ္စအား ထည့်သွင်းရေးဆွဲရန် စီစဉ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ပြောသည်။
အမျိုးသားပညာရေး ဥပဒေ အား ပြင်ဆင်ပေးရန် သပိတ် မှောက် ဆန္ဒပြခြင်းလား၊ အပြီး တိုင်ဖျက်သိမ်းပေးရန် သပိတ် မှောက်ဆန္ဒပြခြင်းလားဟု သပိတ် မှောက် ကျောင်းသားများအား 7Day က မေးမြန်းရာ အမျိုးသား ပညာရေးဥပဒေကို အတည်ပြု လိုက်ခြင်းကြောင့် သပိတ်မှောက် ခြင်းဟု ပြောဆိုပြီး ယခုလက်ရှိအ ချိန်တွင် တွေ့ဆုံဆွေးနွေးရန်အ တွက်သာ ဆန္ဒရှိနေကြောင်း ပြော ကြားသည်။
‘‘အဓိကကတော့ ဗဟိုထိန်း ချုပ်မှုတွေ ပါနေလို့။ တစ်ဦး ကောင်းတစ်ယောက်က ရေးဆွဲ လို့။ အဲဒီရေးဆွဲတဲ့ အချက်ထဲမှာ လည်း ပညာရေးအတွက် မ ကောင်းတဲ့အချက်တွေ ပါနေလို့ မကြိုက်တာပါ။ အဲဒါကို အတည် ပြုလိုက်လို့ သပိတ်မှောက်တာ။ ဆွေးနွေးတဲ့အခါကျမှ ပြင်မလား၊ ပယ်ဖျက်မလားဆိုတာ ဆွေးနွေး ကြမယ်။ ကောင်းတာတွေကို ပြင် မယ်၊ ပယ်ဖျက်သင့်ရင်လည်း ပယ်ဖျက်မယ်။ အဲဒါတော့ အစိုး ရနဲ့ ဆွေးနွေးတဲ့အခါကျမှ သိရ မှာ’’ ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု သပိတ်ဦးဆောင်ကော် မတီဝင် ကိုဇေယျာလွင်က ပြော သည်။
သပိတ်မှောက်ကျောင်းသား များသည် နိုဝင်ဘာ ၁၄ ရက် ပထ မနေ့တွင် ရန်ကုန်ဘူတာကြီးရှေ့မှ ဆူးလေ ဘုရားလမ်းတစ်လျှောက် မြို့တော်ခန်းမရှေ့အထိ သွား ရောက်၍ သပိတ်မှောက်ဆန္ဒပြခဲ့ ကြသည်။ နိုဝင်ဘာ ၁၅ ရက် ဒုတိ ယမြောက်နေ့တွင် သမိုင်းလမ်းဆုံ မှစတင်၍ အင်းစိန်လမ်းမတစ် လျှောက် ရန်ကုန်တက္ကသိုလ်အ ထိ သွားရောက်၍ ရန်ကုန်တက္က သိုလ်ပင်မ၀င်ပေါက်တွင် အဆင့်မြင့် ဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူနှင့် တာဝန် ရှိသူတစ်ဦးက တက္ကသိုလ်အ တွင်း ၀င်ရောက်ခွင့်မရှိဘဲ တား ဆီးခဲ့သည်။
ထို့နောက် သပိတ်မှောက် ကျောင်းသားများက ရန်ကုန် တက္ကသိုလ် ပင်မ၀င်ပေါက် ခြံ စည်းရိုးတံခါးကို ကျော်တက်၍ ကျောင်းသားသမဂ္ဂ အဆောက် အအုံဟောင်းနေရာနှင့် ဗိုလ်အောင် ကျော် အမှတ်တရကျောက်တိုင် ကို ဂါရ၀ပြုခဲ့ကြပြီး လှည်းတန်း လမ်းဆုံတွင် သပိတ်စခန်းဖွင့်လှစ် ခဲ့ကြသည်။
နိုဝင်ဘာ ၁၆ ရက် တတိယ မြောက်နေ့တွင် ရွှေတိဂုံစေတီအ ရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားမှ ရွှေတိဂုံစေတီသို့ သွားရောက်ခဲ့ ကြပြီး ရန်ကုန်တိုင်းအစိုးရရုံးရှေ့ အထိ သွားရောက်၍ သပိတ် မှောက် ဆန္ဒပြခဲ့ကြသည်။ ကြေး သွန်းဘုရားသို့ တက်ရောက်စဉ် အဆင့်မြင့် ပညာရေးဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ အခြားတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်များက လာရောက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ညှိနှိုင်း၍ မရခဲ့ပေ။
သပိတ်မှောက် ကျောင်း သားများသည် နာရေးကူညီမှုအ သင်း (ရန်ကုန်)တွင် နိုဝင်ဘာ ၁၂၊ ၁၃ ရက်၌ ကျင်းပခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအ ရေးပေါ် အစည်းအဝေးတွင် ထွက် ပေါ်လာသည့် ဆုံးဖြတ်ချက်အ တိုင်း ဒီမိုကရေစီပညာရေး အနှစ် သာရနှင့် ပြည့်ဝသည့် အမျိုးသား ပညာရေး ဥပဒေ ထွက်ပေါ်လာ ရေးအတွက် သပိတ်မှောက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၇ ရက်က ချီတက်ဆန္ဒပြနေကြသူများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily
No comments:
Post a Comment