Monday, November 17, 2014

လူ့အခွင့်အရေး ချိုးဖောက်မှုများ မြောက်ကိုရီးယားအစိုးရ တာဝန်ယူ ဖြေရှင်းရေး ကုလသမဂ္ဂက တောင်းဆိုရန် ပြင်ဆင်


လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ  ပြစ်မှုများနှင့် ပတ်သက်၍ တာဝန်ယူဖြေရှင်း ပေးရေးအတွက် မြောက် ကိုရီးယား အစိုးရအား တွန်းအားပေးတောင်းဆိုမည့် အဓိက အဆိုတစ်ရပ်ကို ယခု သီတင်းပတ်အတွင်း တင်သွင်း၍ ဖြေရှင်း ဆောင်ရွက်ရန် ကမ္ဘာ့ ကုလသမဂ္ဂက ပြင်ဆင် နေသည်ဟု သိရသည်။

မြောက်ကိုရီးယား နိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များကို ပြစ်တင်ရှုံ့ချ၍ စစ်ရာဇ၀တ်မှုများဖြင့် စုံစမ်းစစ်ဆေးရန် တောင်းဆို ထားသည့် ဥရောပ သမဂ္ဂနှင့် ဂျပန်နိုင်ငံတို့၏ အဆိုပြုချက် တစ်ရပ်ကို ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ကော်မတီတစ်ခုက  နိုဝင်ဘာ ၁၈ ရက်တွင် ဆန္ဒပြု တင်ပြမည်ဖြစ်သည်။

ဖေဖော်ဝါရီ လက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ အစီရင်ခံစာ တစ်ရပ်တွင် ယင်းနိုင်ငံရှိ များပြားလှသော အကျဉ်းစခန်းများ၊ နှိပ်စက် ညှင်းပန်းမှု မှတ်တမ်းများ၊ သေဒဏ်ချမှတ်မှုနှင့် အဓမ္မပြုကျင့်မှု ကိစ္စရပ်များ စသည့် အသေးစိတ် အချက်အလက်များပေါ် မူတည်၍ အဓိက ဆုံးဖြတ်ရန်ရှိနေသည်။ 

ထိုကဲ့သို့သော ကိစ္စရပ်များတွင် ယင်းနိုင်ငံ၏ အဆင့်မြင့် အာဏာပိုင်များတွင် အဓိက တာဝန်ရှိသည်ဟု အဆိုပါ ကုလသမဂ္ဂ စုံစမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားပြီး ယင်းတွင် ရက်စက် ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အဆုံးသတ် ထားသည်။

အဆိုပါ အစီရင်ခံစာကြောင့် ထိတ်လန် ခဲ့ရပြီး နောက်ပိုင်း  ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က မိမိတို့ နိုင်ငံကို နယ်သာလန် နိုင်ငံသည်ဟေ့ဂ်မြို့ အခြေစိုက် ICC တရားရုံးသို့ လွှဲပြောင်းရေး တိုက်တွန်းထား သော အဆိုပြုချက်များကို ဖျက်သိမ်းပေးရန်အတွက်  ပြုံယမ်းအာဏာပိုင်များက သံတမန်ရေးရာ လုပ်ဆောင် မှု များဖြင့် လုပ်ဆောင် လာခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List