Monday, November 17, 2014

အစိုးရနှင့် ယူအင်န်အက်ဖ်စီ အမြင်လွဲမှုများ ဖြေရှင်းနိုင်ခဲ့ဟုဆို



ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC)တို့ နေပြည်တော်တွင်အလွတ်သဘော တွေ့ဆုံခဲ့ရာတွင်UNFC အပေါ်အထင် အမြင်လွဲ မှားစွာစွပ်စွဲထား သည့်ကိစ္စများကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ကြောင်း UNFC က ကြေညာချက်ထုတ် ပြန်လိုက်သည်။
ထိုကဲ့သို့ တွေ့ဆုံခဲ့ခြင်းသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) Single Text ကို ညှိနှိုင်းရာတွင် မပြေလည်သေးသောအချက်များတွင်နှစ် ဖက်အပြုသဘောဆောင်သည့် ဖြေလျော့မှုများ ရှိ လာခဲ့သည်ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့( NCCT)၏ တရားဝင်အစည်းအဝေးတွင် တင်ပြနိုင်ရန် အထောက်အကူ ဖြစ်သည် ဟု ဆိုသည်။

ထို့အတူ ၎င်းတို့တွေ့ဆုံခဲ့ချိန်သည် အာဆီယံထိပ်သီးအစည်းအဝေးနှင့် တိုက်ဆိုင်နေ၍ သံတမန်များနှင့် နိုင် ငံတကာလေ့ လာသူများက UNFCအပါအ၀င်တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် သဘောထား တင်းမာသူများ၊ နိုင်ငံလုံးဆိုင် ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို အချိန်ဆွဲနေသူများအဖြစ် လွဲမှားစွာထင်မြင် ယူဆနေခြင်းကို ဖြေရှင်းနိုင် ခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List