ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဥရောပဟာ တင်းမာမှုတွေကို ရင်ဆိုင်ဖြေရှင်းတာ မလုပ်ဘဲထားရင် ရွှေ့ပြောင်း အခြေချနေထိုင်သူတွေကို ဆန့်ကျင်ရေး စိတ်ထားတွေ ပိုဆိုးလာမယ့် ဘေးနဲ့ ရင်ဆိုင်ရမယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့က ဗာတီကန်စီးတီးမှာ အပတ်စဉ်လုပ်တဲ့ ဆုတောင်းပွဲအတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။
ဥရောပမြို့ကြီး အတော်များများမှာ သင့်တင့်လျောက်ပတ်မှု ရှိရှိ မဆိုင်းမတွ မဖြေရှင်းရင် ပိုပြီး ယိုယွင်းပျက် စီးမယ့်ဘေးအတွက် လူမှုရေး အရေးပေါ်အခြေ အနေကို အလွှာအသီးသီးမှာ ရင်ဆိုင်ဖို့ အဖွဲ့အစည်းတွေကို ဆော်သြပါတယ်။
ကျန်ခဲ့တဲ့ရက်တွေက ရောမနဲ့ ဥရောပမြို့ကြီးအသီးသီးမှာ ဒေသခံတွေနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကြား တင်းမာမှုတွေ မြင့်ခဲ့ပြီးပြီလို့လည်း ပြောပါတယ်။
အီတလီနိုင်ငံတွင်း စီးပွားရေးအကျပ်အတည်း နက်ရှိုင်းမှုကြောင့် အခြေခံ အဆောက်အဦတွေအရေး လျစ်လျူ ရှုမှုတွေနဲ့ တလွဲစီမံခန့်ခွဲမှုတွေ နှစ်ချီကြာခဲ့အပြီး မြို့တော်ရဲ့ ဆင်းရဲသားဒေသတွေမှာ အကျပ်အ တည်း ဆိုက်ခဲ့ပါတယ်။ ရွှေ့ပြောင်း နေထိုင်သူများဌာနအပေါ် ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
ရောမမြို့အရှေ့ပိုင်းမြို့စွန်မှာ ရှိတဲ့ အိုးအိမ်မဲ့တွေ လက်ခံရေးစခန်းမှာ နေတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေဟာ မူးယစ်ကုန်ကူးပြီး လမ်းပေါ် အနိုင်ကျင့်မှုတွေ လုပ်တယ်လို့ ဒေသခံတွေက စွပ်စွဲပါတယ်။ ဒီအတွက် ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးက ရုမ်းမြို့တော်ဝန် အစ်နာဇီယို မာရီနိုကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ဆုံ ခဲ့ပါတယ်။
တခါတရံ အကြမ်းဖက်လာတဲ့ ဆန္ဒပြမှုတွေ ရက်အတော်များများ ဖြစ်ခဲ့လို့ အိမ်ခြေမဲ့ အီတာလျံတွေအပါအ ဝင် လူအယောက် ၇၀ လောက် နေတဲ့ အဆောက်အဦ ပျက်စီးပြီး ဌာနက ကလေးတွေကို အာဏာပိုင်တွေ က နေရာရွှေ့ပြောင်းပေးခဲ့ ရပါတယ်။
ဒီနှစ်အတွင်း အာဖရိကကနေ အီတလီကို လှေနဲ့ ရောက်လာတဲ့ ရွှေ့ပြောင်း နေထိုင်သူ အယောက် ၁ သိန်း ကျော်ခဲ့တာပါ။ ဒါကြောင့် နိုင်ငံတွင်း ရွှေ့ပြောင်း နေထိုင်သူတွေကို ဆန့်ကျင်တဲ့ ပါတီတွေကို ထောက်ခံမှု ပိုတိုးလာခဲ့ပါတယ်။
DVB
No comments:
Post a Comment