Monday, November 17, 2014

ဒေါ်အောင်ဆန်းစုကြည် သားသမီးများကြောင့် သမ္မတဖြစ်ရန် အတားအဆီး ဖြစ်နေခြင်းမှာ အဓိပ္ပာယ်မရှိဟု အိုဘားမားဝေဖန်


ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သားသမီးများကြောင့် သမ္မတ ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင်အတား အဆီး ဖြစ်နေခြင်းမှာ အဓိပ္ပာယ်မရှိသောကိစ္စဖြစ် ကြောင်း အမေရိကန်သမ္မတဘားရက်အို ဘားမားက ပုဒ်မ၅၉(စ)ကို ရည်ညွှန်းကာ ဝေဖန်ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၄ရက်က တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေ အိမ်တွင်ပြုလုပ်သောအမေရိ ကန် သမ္မတ ဘားရက်အိုဘားမားနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် သမ္မတအိုဘားမားကထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

''သားသမီးတွေကြောင့် သမ္မတ ရွေးကောက်ပွဲယှဉ်ပြိုင်ရာမှာအတားအဆီး ဖြစ်စေတာကိုနားမလည်နိုင်ဘူး။ ကျွန်တော့် အတွက်တော့ဒီကိစ္စဟာ အဓိပ္ပာယ်သိပ်မရှိ ဘူးလို့မြင်တယ်''ဟု အမေရိကန်သမ္မတဘား ရက်အိုဘားမားက ပြောကြားခဲ့သည်။

ထို့နောက် ၂ဝ၁၅ တွင်ကျင်းပ မည့် ရွေးကောက်ပွဲကိုတရားမျှတစွာကျင်းပ နိုင်ရေးသည်မြန်မာနိုင်ငံအတွက် လွန်စွာအ ရေးကြီးကြောင်း အဆိုပါပူးတွဲသတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ''အစိုးရက ကျွန်မ ကို သမ္မတဖြစ်မှာမလိုလားပါဘူး။ ဒါဟာလဲ တရားမမျှတဘူး။ တရားဥပဒေနဲ့မညီဘူး။ ဒီမိုကရေစီနည်းလမ်း မကျဘူးဆိုတာ သူတို့ သိပါတယ်''ဟု လက်ရှိအစိုးရ၏ ၄င်းအပေါ် ထားသောအမြင်များနှင့်ပတ်သက်၍ ပြော ကြားသွားခဲ့သည်။

မကြာမီကျင်းပမည့်ရွေးကောက် ပွဲတွင်အတိုက်အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် သမ္မတလောင်းအ ဖြစ်ဝင်ရောက် ရွေးကောက်ခံနိုင်ရန်၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၃) ပုဒ်မ၅၉ (စ)တွင်ပြဋ္ဌာန်းထားသောအချက်ကို ရုပ်သိမ်း ခြင်းသို့မဟုတ် ပြင်ဆင်ခြင်းပြုနိုင်မှသာ သမ္မတ ရွေးကောက်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး လက်ရှိအချိန်မပြင်ဆင်နိုင်သေးခြင်း နှင့် ပတ်သက်၍ ၄င်းတို့နှစ်ဦးမှ ဝေဖန်ပြော ကြားခဲ့ခြင်းဖြစ်သည်။

''၂ဝ၁၅ရွေးကောက်ပွဲမှာကျွန်မ နိုင်မနိုင်ဆိုတာထက် ဒီရွေးကောက်ပွဲတရား မျှမျှတတပြီးဖို့အရေးကြီးပါ တယ်''ဟု ရွေး ကောက်ပွဲနှင့် ပတ်သက်၍ထပ် မံပြောကြားခဲ့ သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘား မား၏မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ဒုတိယ အကြိမ်မြောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ၅၉(စ)မှာ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း မိမိ၏တရားဝင်သား သမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရား ဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော် ကို ခံယူစောင့်ရှောက်ရို သေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက် အောက်ခံဖြစ်သူ သို့မဟုတ် တိုင်း တစ်ပါး၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများ သည်နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံ သားသော်လည်းကောင်း၊ ခံစားရသောအ ခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရဟု ပြဋ္ဌာန်း ဖော်ပြထားသည်။

Yangon Media Group

No comments:

Post a Comment

My Blog List