မင်းသားဝီလီယံသည် ဂိမ်းသစ်တစ်ခုထုတ်လွှင့်ရန် Angry Birds ဖန်တီးသူများကို ခေါ်ယူခဲ့ပြီး ထိုသို့ ဂိမ်းသစ်ထုတ်လွှင့် ရန် စီစဉ်ခြင်းသည် ဆင်မှအစ သင်းခွေချပ်အထိ သတ္တဝါ မျိုးစိတ်များ တရားမဝင် ဖမ်းဆီးသတ် ဖြတ်သည့် အန္တရာယ် များနှင့် ရင်ဆိုင် နေရကြောင်း သိရှိစေရန်ဖြစ်သည်ဟု AFP သတင်းများအရ သိရသည်။
တိရစ္ဆာန်ထောင်ပေါင်းများစွာကို တရားမဝင်သတ်ဖြတ်ပြီး တိရစ္ဆာန်၏ အင်္ဂါအစိတ်အပိုင်းများကို ရောင်းချ ခြင်းသည် ရာဇဝတ်ဂိုဏ်းများ၊ အကြမ်း ဖက်အဖွဲ့များအတွက် ထောက်ပံ့ငွေ ပေးသကဲ့သို့ဖြစ်နေကြောင်း ဗြိတိန် တော်ဝင်မိသား စုက သတိပေးခဲ့သည်။
တိရစ္ဆာန်မျိုးစိတ်တွေဟာ ဖမ်းဆီး၊ သတ်ဖြတ်မှုတွေကြောင့် မျိုးသုဉ်း ပျောက်ကွယ်သွားလိမ့်မယ်။ ကျွန် တော်တို့အနေနဲ့ အခုချိန်မှာ သတိမ ထားဘူးဆိုရင် တန်ဖိုးရှိတဲ့ သတ္တဝါ တွေဟာ တောထဲမှာ သေဆုံးသွားကြ လိမ့်မယ်''ဟု မင်းသား ဝီလီယံက ပြောခဲ့သည်။
ထိုဂိမ်းကို Roll with the Pangolins ဟု အမည်ပေးထား ကြောင်း သိရသည်။ ထိုဂိမ်းကို ကမ္ဘာတစ်ဝန်းမှ Angry Birds ကစားသမား သန်း ၂ဝဝ ခန့် ကစားနိုင်သည်။
မင်းသား ဝီလီယံသည် Angry Birds ဖန်တီးသူ Rovio Entertainment နှင့်အတူ ထိုဂိမ်းကိုစတင်ဖန်တီး ခဲ့ခြင်းဖြစ်ပြီး တန်ဖိုးရှိသတ္တဝါများကို ကယ်တင်ရန် အတူတကွ ပါဝင်ကြ ရေး ကစားသမားများအား တိုက်တွန်း ခဲ့သည်။
တောရိုင်းထဲတွင် သင်းခွေ ချပ်ဖမ်းဆီးရောင်းဝယ်ခြင်းကို တားမြစ် သော်လည်း လွန်ခဲ့သော ဆယ်စုနှစ် က သင်းခွေချပ် တစ်သန်းကျော် ရောင်းဝယ်မှုများရှိခဲ့ပြီး သင်းခွေ ချပ်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း တောရိုင်းတိရစ္ဆာန်များ သမဂ္ဂက ပြောသည်။
Ref:AFP
Yangon Media Group
No comments:
Post a Comment