Monday, September 22, 2014

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းဆွေးနွေးမှုများ အရည်အသွေးပိုင်း တိုးတက်မှုရှိရန် လိုအပ်နေဟု OMI ထောက်ပြ


လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းဆွေးနွေးမှုများ အရည်အသွေးပိုင်း တိုးတက်မှုရှိရန် လိုအပ်နေဟု လွှတ်တော်စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် ပွင့်လင်းမြန်မာ ရှေ့ဆောင်အဖွဲ့(OMI) ကထုတ် ပြန်သည့် လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ အမှတ်(၃)တွင် အကြံပြုချက်အနေဖြင့် ထည့် သွင်းထောက်ပြခဲ့သည်။

ယင်းအစီရင်ခံစာအား  လွှတ်တော်သတ္တမအကြိမ်မှ နဝမအကြိမ်အထိ ပုံမှန်အစည်းအဝေးများအတွင်း မေးခွန်းများနှင့် အဆိုများအား ကိန်းဂဏန်းအခြေပြု လေ့လာထားချက်များအား ထည့်သွင်းဖော်ပြထားကာ စစ်တမ်းအရ OMI အဖွဲ့မှ လွှတ်တော်နှင့်ပတ်သက်၍သော်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍သော်လည်းကောင်း၊ မဲဆန္ဒရှင် ပြည်သူများနှင့် ပတ်သက်၍သော်လည်းကောင်း အကြံပြု ထောက်ပြခဲ့သည်။

နိုင်ငံသားများ၏ အကျိုးစီးပွားကို ရည်မျှော်သော လွှတ်တော်ဆောင်ရွက်ချက် များဖြစ်သည့် မေးခွန်းမေးမြန်း
မှုနှင့် အဆိုတင်သွင်းမှု၊ အဆိုပါဝင် ဆွေးနွေးမှုများကို အခွင့်အလမ်းကောင်းများဖြင့် အသုံးပြုရမည်ဟု OMI က အကြံပြုထားသည်။    

“လွှတ်တော်မှာ ဘာတွေတွေ့လဲဆိုတော့ တချို့ကိစ္စတွေက ရယ်စရာလိုဖြစ် သွားတဲ့ သတင်းမျိုးတွေ တွေ့ရတယ်။ လွှတ်တော်မှာ ဘယ်လိုအကြောင်း အရာမျိုးကိုတောင် လာပြီးတော့ ဆွေးနွေးနေတာဆိုတော့ ကျန်တဲ့သူတွေမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခု၊ အဆိုတစ်ခု ရှိမယ်။ ကိုယ်က သိပ်အရေးမကြီးတဲ့ ကိစ္စ တစ်ခုကို မေးလိုက်မယ်ဆိုရင် မေးခွန်းက အရေအတွက်အားဖြင့် တိုးလာမယ်။ သို့သော် တကယ့်တကယ် ကျန်တဲ့သူတစ်ယောက်ရဲ့မေးခွန်းမေးဖို့ ဒါမှမဟုတ် ကိုယ့်မှာလည်း အဲဒီမေးခွန်းမေးတဲ့ အချိန်ကိုသုံးပြီး တော့ တစ်ခြားဒီထက်ပိုပြီးတော့ အရေးကြီးတဲ့မေးခွန်းကို တိုင်းပြည်အတွက် တကယ့်အရေးတကြီးသိဖို့ လိုအပ်နေတဲ့ဟာမျိုးကိုမေးဖို့ လက်လွတ်ဆုံးရှုံးသွားမယ်” ဟု ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့မှ ဒါရိုက်တာ ကိုဧခိုင်က ပြောကြားသည်။

ပွင့်လင်းမြန်မာရှေ့ဆောင် အဖွဲ့ အစည်းအနေဖြင့် လွှတ်တော်နှင့်ပတ်သက်သည့် အစီရင်ခံစာများအား ဧပြီတွင်တစ်ကြိမ်၊ ဇွန်တွင်တစ်ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ ယခုထုတ်ပြန်သည့် မြန်မာ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြု ချည်းကပ်လေ့လာချက် စစ်တမ်းသည် တတိယအကြိမ်မြောက် ထုတ်ပြန်ခြင်းဖြစ် သည်။

Eleven Media Group

No comments:

Post a Comment

My Blog List