ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းအပန်းဖြေကမ်းခြေတွင် စက်တင်ဘာ ၁၅ ရက်က အသတ်ခံခဲ့ရ သူ နှစ်ဦးအနက် မိန်းကလေးဖြစ်သူ ဟန်နာဝစ်သာရစ်ခ်ျ၏ အလောင်းအား ၎င်း၏ မိသားစုများက ဗြိတိန်နိုင် ငံသို့ ပြန်လည် သယ် ဆောင်သွား ပြီဖြစ်ကြောင်း သိရသည်။
“ဟန်နာကို သူ့ရဲ့နိုင်ငံကို ပြန်ခေါ်သွားနိုင်လို့ ကျွန်မတို့ ဖြေသာပါတယ်။ လူသတ်သမားကို ဖော်ထုတ် ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ၎င်း၏ မိသားစုက ပြောကြားခဲ့သည်။
ရဲမှူးကြီး ဖာသာနာချာရွန်က “ကျွန်တော်တို့ ထပ်မံရရှိထားတဲ့ အထောက်အထား တွေအရ သံသယရှိ သူတစ်ဦးဟာ ဒေးဗစ်နဲ့ ဟန်နာတို့ အသတ်မခံရခင် ဟန်နာ ဒါမှမဟုတ် သူ့သူငယ်ချင်းထဲက တစ်ယောက် ယောက် သို့မဟုတ် ဒေးဗစ်နဲ့ ဘားတစ်ခုမှ စကားပြောဆိုခဲ့ကြပါတယ်” ဟု ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦးသည် အသတ်မခံရမီ ထိုင်းအမျိုးသားတစ်ဦးနှင့် ဘားအတွင်း ရန်ဖြစ်ခဲ့ကြသည်ဟု ထိုင်းရဲများ က သတင်းရရှိခဲ့သော်လည်း အဆိုပါ သတင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ သတင်းပေးနိုင်သူအား ဘတ် နှစ်သိန်းခန့် ဆုငွေချီးမြှင့်မည်ဟု ထိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ထိုင်းနိုင်ငံ ကမ်းခြေများတွင် လှပသော မိန်းကလေးများအနေဖြင့် ဘီကနီဝတ်ပါက ၎င်းတို့၏ အသက်အန္တရာယ်အတွက် လုံခြုံမှုရှိ မည်မဟုတ်ကြောင်း ၀န်ကြီးချုပ်ပရာယွတ် ချန်အိုချာက ပြီးခဲ့ သည့် သီတင်းပတ်က ပြောကြားခဲ့ခြင်းအပေါ် ပြန်လည်တောင်းပန်ထားသည်။
“ကျွန်တော်ပြောတာ နည်းနည်းပြင်းထန်သွားပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်သူ့ကိုမှ ပြစ်တင်ဝေဖန် အထင်သေးလို့ ပြောဆိုတာ မဟုတ်ပါဘူး။ထိုင်းနိုင်ငံဟာ လုံခြုံတဲ့ နိုင်ငံတစ်ခုအဖြစ် ကျွန်တော် အာမခံပါ တယ်။ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့လည်း ဂရု တစိုက် နေထိုင်ကြဖို့ သတိပေးလိုပါတယ်” ဟု ပြောကြားသည်။
Ref:The Guardian
Mizzima - News in Burmese
No comments:
Post a Comment