သင်္ဘောနှင့်အမြန်ရေယာဉ်များ ပါဝင်သော မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ခွဲ တစ်ခုကို မန္တလေး မြို့ဂေါဝိန်ဆိပ်ကမ်းတွင် အခြေစိုက်ကာ ဧရာဝတီမြစ်ကြောင်းနှင့် မြစ်ကြောင်းတစ် လျှောက်ရှိ ဆိပ်ကမ်းများ လုံခြုံ ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့အနီးဝန်းကျင်ရှိ ဆိပ်ကမ်းများအပါအ၀င် ပုဂံ၊ဆီး မီးခုံ စသည့် ဆိပ်ကမ်းများနှင့်ဧရာ ၀တီမြစ် ကြောင်းတစ်လျှောက် လုံခြုံရေးများဆောင်ရွက်ရန် ရေကြောင်းရဲတပ်ဖွဲ့မှ ယခုလမကုန်မီ မန္တလေးမြို့တွင် လာရောက်အခြေစိုက် မည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးကပြောသည်။
‘‘ဧရာဝတီမြစ်ထဲမှာဖြစ်တာ တွေကျတော့ ရေကြောင်းရဲနဲ့ပဲအ ဓိကဆိုင်တာ။ မန္တလေးမှာရေ ကြောင်းရဲတပ် ဖွဲ့ဖွဲ့ထားပေမယ့် အရင်ကမရှိဘူး။ အခု မန္တလေးမှာ လာအခြေစိုက်ပြီး လုံခြုံရေး ဆောင်ရွက်မှာ’’ဟု အထက်ပါရဲ အရာရှိကပြော သည်။
ဂေါဝိန်ဆိပ်တွင်အခြေဆိုက်မည့် ရေကြောင်းရဲတပ်ဖွဲ့၌ ကင်းလှည့်ရေယာဉ် သင်္ဘောများ၊ စပိဘုတ်များ ပါဝင်မည်ဖြစ်ပြီးဧရာဝ တီမြစ်ကြောင်းနှင့်ဆိပ်ကမ်းများ အပါအ၀င် အထက်မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများ လုံခြုံရေးအတွက် လိုအပ်သလို ၂၄နာရီ အချိန်ပြည့် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ရေကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။
ဧရာဝတီမြစ်ကြောင်း လုံခြုံ ရေးအပြင် တရားမ၀င်ကုန်သွယ် မှုတားဆီးထိန်း ချုပ်ရေးအတွက်လည်း တရား မ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး(Mobile Team)အဖွဲ့နှင့်ပူပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ရေကြောင်းရဲတပ်ဖွဲ့မှ ရဲမှူးဝင်းနောင်က ပြောကြားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် စက်တင်ဘာ ၁၈ ရက်က ဖော်ပြခဲ့သည်။
မန္တလေးမြို့ရှိ ဧရာဝတီမြစ်ဆိပ်ကမ်းများတွင် ဆိုက်ကပ်ရပ်နားထားသော ခရီးသည်တင်ရေယာဉ်နှင့် ကုန်တင်သင်္ဘောများ မကြာခဏပစ္စည်းခိုးခံရခြင်းနှင့် လုယက်ခံရခြင်းများ ကြုံတွေ့ နေရသည်။
မန္တလေးမြို့တွင် ဧရာဝတီမြစ်ဆိပ် ကမ်းဆယ်ခုရှိပြီး ဆိပ်ကမ်းများလုံခြုံရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့်ဆောင်ရွက်လျက်ရှိသော်လည်း ရေယာဉ်များ ခိုးဝှက် လုယက်ခံ ရခြင်းများ ဆက် တိုက် ဖြစ်ပွားလျက်ရှိကြောင်း ဧရာဝတီ မြစ်ဆိပ်ရေ ယာဉ်အသင်းနှင့် သ င်္ဘောပိုင်ရှင်များကပြောသည်။
လွန်ခဲ့သည့် နှစ်များစွာကတည်းက မန္တလေးမြို့ဧရာဝတီမြစ်ဆိပ်များတွင် ဆိုက်ကပ်ထားသော ရေယာဉ်နှင့်သင်္ဘောများ၌ မကြာခဏ ခိုးယူလုယက်ခံနေရ ခြင်းဖြစ်ပြီး ယခုနှစ်တွင်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သို့ တိုင်ကြားခဲ့သလို တိုင်းဒေသကြီး လွှတ်တော်၌လည်း ဆိပ်ကမ်း လုံခြုံရေး ဆောင်ရွက်ပေးရန် တောင်းဆိုမှုများရှိခဲ့သော်လည်း ထိရောက်မှုမရှိဟုဆိုကြသည်။
လုံခြုံရေးတိုးမြှင့်သည့် အတောအတွင်း ခိုးယူလုယက်ခံရမှုများ လျော့ကျတတ်သော်လည်း ဆက်တိုက် ခိုးယူလုယက်ခံနေရ၍ လုံခြုံရေးစိုးရိမ်နေရကြောင်း၊ယခုကဲ့သို့ရေကြောင်းရဲတပ်ဖွဲ့ မန္တလေးတွင် လာရောက်အခြေပြု သည့်အတွက် ခိုးဝှက်လုယူသူများ ပပျောက်သွားရန် မျှော်လင့် ကြောင်း ရေယာဉ်အသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
7Day News Journal
No comments:
Post a Comment