Sunday, September 21, 2014

သံဃနာယကအဆင့်မှ သံဃာအဖွဲ့အစည်း အဆင့်ဆင့်ရွေးချယ်ပွဲများပြန်လည် ကျင်းပပေးရန် ရွှေဝါရောင်သံဃာတော်များ တောင်းဆို


နိုင်ငံတော်သံဃနာယကအဆင့်မှစ၍ သံဃာအဖွဲ့ အစည်း အဆင့်ဆင့်ရွေးချယ်ပွဲများ ပြန်လည် ကျင်းပပေး ရန် ရွှေဝါရောင်သံဃာတော်များကွန်ရက်မှ အစိုးရသို့ တရားဝင်တောင်းဆိုမှု ပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၁၈ ရက်တွင် ကျင်း ပသော နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော် လှန်ရေးနေ့ (၇)နှစ်မြောက် အထိမ်းအမှတ် ပွဲတွင် ရွှေဝါရောင်သံဃာတော်များ ကွန် ရက်မှ ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆို လိုက်ခြင်းဖြစ်သည်။

''ဒီလပိုင်းထဲမှာပဲ ပျဉ်းမနားမှာရှိတဲ့ ဘုန်းကြီးကျောင်း ၂၄ ကျောင်း သိမ်းခံရတဲ့ဖြစ်စဉ်တွေ၊ မဟာသန္တိသုခ ကျောင်းတိုက် သိမ်းခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ပြီးနောက်ပိုင်းမှာ တောင်းဆိုခြင်းဖြစ်တယ်''ဟု ဆရာတော်ဦးပဏ္ဍ ဝံသ(ဦးပြည်ကျော်)က မိန့်ကြား သည်။

လက်ရှိ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ကြီး၏ ဖွဲ့စည်းပုံမှာ ဆိုရှယ် လစ်ဝါဒကို အခြေခံထားပြီး လူနည်းစုမှ လူ အများစုအပေါ် ချုပ်ကိုင်နေသော ဗဟိုအုပ် ချုပ်မှုစနစ် ဖြစ်နေသောကြောင့် ပြည်ထောင် စုအစိုးရစနစ်နှင့်အညီ ရွေးချယ်ပွဲ ပြန်လည် ကျင်းပပေးရန်လိုအပ်ကြောင်း ရွှေဝါရောင် သံဃာတော်များ ကွန်ရက်မှ ဆရာတော်များ က တူညီစွာမိန့်ကြားသည်။

''ပြီးခဲ့တဲ့နွေက ကျင်းပခဲ့တဲ့ ဂိုဏ်း ပေါင်းစုံ သံဃာ့အစည်းအဝေးပွဲ ကျင်းပတာ လဲ သံဃာထုကို လိမ်ညာနေ တာပဲ။

အဲဒီပွဲကို တိုင်း၊ ပြည်နယ်၊ ဗဟိုသံဃာ့ဝန် ဆောင်အဆင့်တွေပဲ တက်ရတယ်။ သံဃာအရေအတွက် တစ်ထောင် လူပရိသတ်တွေ အများကြီးနဲ့ ဂိုဏ်းပေါင်းစုံဆိုပြီး လိမ်ညာတယ်။ အမှန်ဆို သံဃာထုငါးသိန်း ကိုယ်စားသံဃာငါးထောင်တက်ရမှာ''ဟု ဆရာတော် ဦးပြည်ကျော်က ဆက်လက်မိန့်ကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါ ရောင်တော်လှန်ရေး (၇)နှစ်ပြည့်အခမ်း အနားတွင် ရွှေဝါရောင်သံဃာတော် များမှ သဘောထားထုတ်ပြန်ချက်ငါးချက်အား စု ပေါင်းထုတ်ပြန်ခဲ့ပြီး ကျောင်းကန်များ အဓမ္မ သိမ်းဆည်း နေခြင်းကိုရပ်ဆိုင်းပေးရန်၊ သံဃ နာယက အဖွဲ့အစည်းအား ပြန်လည်ရွေး ချယ်ခွင့်ပေးရန်နှင့် သံဃာ
အဖွဲ့အစည်း အ ခြေခံစည်းမျဉ်းများအား တစ်နိုင်ငံလုံးရှိ သံ ဃာတော်များဆန္ဒဖြင့် သတ်မှတ်ရေးဆွဲဖွဲ့ စည်းနိုင်ရေး စသည့်အချက်များပါဝင်သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်များအား ဆန္ဒမပြဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြု တောင်းခံသွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။''နိုင်ငံတော် သံဃာ့နာယကက ညွှန်ကြားချက်တွေ၊ ထုတ်ပြန်ချက် တွေဟာ ဘုရားဟော တရားနဲ့မညီပါဘူး''ဟု ရွှေဝါ ရောင်သံဃာတော်များကွန်ရက်မှ သံဃာ တော်တစ်ဦး က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment

My Blog List