အနောက်အာဖရိကတွင် ဖြစ်ပွားခဲ့သော အီဘိုလာ ရောဂါကြောင့် အာဖရိကနိုင်ငံ ၅၀ ကျော်မှ ကိုယ်စား လှယ်များ တက်ရောက်မည့် ထိပ်သီးဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ရကြောင်း အရာရှိများ ပြောကြားလိုက် သည်ဟု စက်တင်ဘာ ၂၁ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းအစည်းအဝေးကို ဒီဇင်ဘာတွင် နယူးဒေလီ၌ ကျင်းပရန် စီစဉ်ထားသည်။
ဂီနီ၊ လိုင်ဘေးရီးယားနှင့် ဆီရာလီယွန်နိုင်ငံတို့တွင် လူ ၂၆၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သော အီဘိုလာရော ဂါကြောင့် တတိယအကြိမ် အိန္ဒိယ- အာဖရိက ထိပ်သီးညီလာခံအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခက်အခဲရှိလာခဲ့သောကြောင့်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန အရာရှိ တစ်ဦးကပြောသည်။
ဒီဇင်ဘာ ၄ရက်တွင် အိန္ဒိယ၌ ကျင်းပမည့် ယင်းညီလာခံသို့ ၀န်ကြီးများ၊ အစိုးရအရာရှိများနှင့် စီးပွားရေး ခေါင်းဆောင်များ အပါအ၀င် ကိုယ်စားလှယ် ၁၀၀၀ ကျော် တက်ရောက်မည် ဖြစ်သည်။
အိန္ဒိယ အစိုးရသည် ထိုညီလာခံတွင် အာဖရိကသမဂ္ဂ နှင့် ပူးပေါင်း၍ ၂၀၁၅ ခုနှစ်အတွက် ကုန်သွယ်ရေး ဆိုင်ရာကိစ္စများကို ဇောင်းပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဆီယက် အက်သာရူဒင်က သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။
အိန္ဒိယသည် အနောက်အာဖရိကမှ ရောက်လာသူများအား လေဆိပ်များတွင် သေချာစစ်ဆေးသွားရန် သြဂုတ်လ ကတည်းက လှုံ့ဆော်ထားခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment