မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၎င်းတို့၏ ဆင်းမ်ကတ် နှစ်သိန်းကို ယခုလအတွင်းတတိယအကြိမ်ခွဲတမ်း အဖြစ် စက်တင်ဘာ ၂၀ ရက်တွင်စတင်၍ ရောင်းချပေးခဲ့ပြီး လာမည့်ဆယ်ရက်အတွင်း ဆင်းမ်ကတ် လေးသိန်း ထပ်မံချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဒီနေ့ပဲ နှစ်သိန်းထပ်ချပေးလိုက်တဲ့အတွက် ဒီလထဲမှာ ကျွန် တော်တို့ချပေးတာ တစ်သန်း ကျော်သွားပြီ။ ဒီလထဲမှာပဲ ဆင်းမ်ကတ်လေးသိန်း ထပ်ချပေးသွားဖို့ လျာထားပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးဌာနမှ ဒါရိုက်တာ ဦးစောထူးသာ ကပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် စက်တင်ဘာ ၁ ရက်မှစပြီး ၎င်းတို့၏ ဆင်းမ်ကတ်များကို လက်လီ အရောင်းဆိုင်များ မှ တစ်ဆင့် စတင် ရောင်းချပေးခဲ့ရာ ရက်နှစ်ဆယ်အတွင်း ဆင်းမ်ကတ်ပေါင်း ၁ ဒသမ ၁ သန်းကျော် ချထားပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သို့သော်မိုဘိုင်းဖုန်းအ ရောင်းဆိုင်အချို့နှင့် အရောင်းကိုယ်စားလှယ်ဆိုင်များ တွင်သာ ၀ယ်ယူ၍ ရသည့် အတွက် ဈေးကွက်အတွင်း၌ ဆင်းမ်ကတ်တစ်ကတ် လျှင်ကျပ် ၂၅၀၀၀ အထိဈေးတင်၍ ရောင်းချလျက် ရှိသည်။
‘‘ပြည်သူတွေအနေနဲ့ ဆင်းမ်ကတ်တွေကို ဈေးကြီးပေးပြီး မ၀ယ်ကြဖို့ပြောချင် ပါတယ်။ အဲ ဒီလိုဝယ်လိုက် ရင် မှောင်ခိုဈေး ကွက်ကို အားပေးသလို ဖြစ်သွား နိုင်ပါတယ်။ ကျွန်တော်တို့က ဆင်းမ်ကတ်တွေကို ဆက်တိုက်ချပေးသွားမှာဖြစ်တဲ့အတွက် အခုမရလိုက်ရင်လည်း မကြာခင် ရက်ပိုင်းအတွင်းမှာ ရနိုင်မှာဖြစ် ပါတယ်’’ဟု ဦးစောထူးသာကဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ဆယ်သန်းကျော် ရောင်းချ ပေးထားကြောင်း သတင်းရရှိသည်။
7Day News Journal
No comments:
Post a Comment