Monday, September 22, 2014

မောင်တောနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ကွပ်ကဲရေးမှူးအဖွဲ့ စက်တင်ဘာတတိယပတ်တွင်တွေ့မည်



ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်းမှူး ဦးဆောင်သည့် နယ်ခြားစောင့်ကွပ်ကဲရေးမှူးအဖွဲ့နှင့် မောင်တောနယ်ခြား စောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တို့ စက်တင်ဘာ တတိယပတ်အတွင်း နယ်စပ်အရေးတွေ့ဆုံဖွယ်ရှိကြောင်း နေပြည်တော်မှ သတင်းရရှိသည်။
‘‘အသစ်ပြောင်းသွားတဲ့ စစ်တကောင်းတိုင်းမှူးက ကျွန်တော်တို့ဘက်က နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးချုပ်နဲ့ တွေ့ဖို့ အဆိုပြုတာပါ။ ရက်အတိအကျ မပြောနိုင်သေးပေမယ့် စက်တင်ဘာ တတိယပတ်လောက် ဖြစ်နိုင်ပါတယ်’’ ဟု နေပြည်တော်ရဲဦးစီးချုပ်ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၂ ရက် (သို့ မဟုတ်) ၂၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ခေါင်းတုံးစခန်း ချစ်ကြည်ရေးတံတားအနီး တွင် တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စများအပြင် နယ်စပ်တစ်လျှောက် မှုခင်းဖြစ်စဉ်များ အကြောင်းလည်း ဆွေးနွေးသွားမည်ဟု မောင်တော အခြေစိုက်အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးအဖွဲ့မှ ဒုတိယရဲမှူးကြီးက ပြောသည်။

ယခုနှစ် သြဂုတ် ၃၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဆင့် အစည်းအဝေးကို နယ်စပ်ပြဿနာဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။


7Day Daily

No comments:

Post a Comment

My Blog List