မန္တလေးမှာဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုများကို ဖြစ်စေခဲ့တဲ့ သားမယားပြု ကျင့်ကြောင်း လီဆယ်တိုင်တန်းခဲ့ ကြ သူတွေကို သက်ဆိုင်ရာက အရေးယူ ထားတဲ့အခြေအနေတွေကို ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လ ၂၈ ရက်နေ့ က ပျဉ်းမနား မြို့မ ရဲစခန်းမှာ အလိုမတူပဲ သားမယား ပြုကျင့်ခံခဲ့ရတယ်လို့ လီဆယ် တိုင် တန်းသူ အမျိုး သား ၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ မေလ ၂၁ ရက်နေ့က ပြင်ဦးလွင် မြို့မ ရဲစခန်းမှာ မုဒိန်းမှု ပြုကျင့်ကြောင်း လီဆယ်တိုင်တန်း သူ အမျိုး သမီး ၃ ဦးတို့ကို အရေးယူထားတာဖြစ်တယ်လို့ ပြန်ကြားရေး ဝက်ဆိုက်က ရေးထားပါတယ်။
မန္တလေးမှာဖြစ်ပွားခဲ့မှုမှာ လူသတ်မှု ၂ မှု နဲ့ပတ်သက်ပြီး ဖမ်းဆီးရမိသူ ၁၄ ဦး၊ ထွက်ပြေးနေသူ ၈ ဦး၊ နာကျင်စေမှု ၄ မှုနဲ့ ဖမ်းမိထားသူ ၈ ဦး၊ ထွက်ပြေးသူ ၂၈ ဦး၊ လက်နက်မှု ၆ မှုနဲ့ ဖမ်းဆီးရမိသူ ၇ ဦး၊ မီးရှို့မှုတမှုနဲ့ ဖမ်းဆီးရမိသူ ၁၅ ဦး၊ အဆောက် အအုံဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှုနဲ့ သွေးထိုးလှုံ့ဆော် မှုတွေနဲ့ ဖမ်းဆီးရမိသူ ၁၁ ဦးတို့ ရှိတယ်လို့ ဆိုပါတယ်။
ရဲအက် ၃၅ ( ဃ) ၃ မှုနဲ့ ဖမ်းဆီးထားသူ ၃ ဦးရှိပြီး စုစုပေါင်း ဖမ်းဆီးရမိသူ ၅၆ ဦး၊ ထွက်ပြေးတိမ်းရှောင်သူ ၃၆ ဦး ရှိတယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီအပြင် ဇူလိုင်လ ၃ ရက်နေ့က စတင်ပြီး ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ ရာမှာ ချိုးဖေက်သူ စုစုပေါင်း ၁၃၂၅ ဦးရှိပြီး အဲဒီထဲက ပညာပေးပြီး ပြန်လွှတ်ပေးသူ ၁၅၇ ဦး၊ ရဲစခန်း ခံဝန် ၂၅ ဦး၊ တရားရုံး ခံဝန် ၉၈ ဦး၊ ထောင်ဒဏ် ၇ ရက် ချမှတ် ခံရသူ ၉၀၅ ဦး၊ ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံရသူ ၈၀ ဦး၊ ထောင်ဒဏ် ၃ လ ချမှတ်ခံရသူ ၃ ဦး၊ ဒဏ်ငွေ ၂ဝဝ နဲ့ ၁၁ ဦး တို့ ရှိပြီး တရားခံပြေး ကြေညာထားသူ ၄ ဦးနဲ့ အရေးယူဆောင် ရွက်ဆဲ ၄၂ ဦး တို့ရှိတယ်လို့ သိရပါတယ်။
“မန္တလေးမြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်ပေါ်စေသည့် လီဆယ်တိုင်တန်းမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေး ချမ်းရေးကို ပျက်ပြားစေသည့် ဆူပူအကြမ်းဖက်မှုများနှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော တားမြစ်အမိန့်ကို ချိုးဖောက်မှုများအားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှု များပြုလုပ်ခဲ့ရာ ဩဂုတ် ၁ ရက်အထိ စုစုပေါင်း အမှု ၅၃၀၊ အမျိုးသား ၁၃၇၂ ဦး၊ အမျိုးသမီး ၅၂ ဦး စုစုပေါင်း ၁၄၂၄ ဦးတို့ကို အရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်” လို့ ပြန်ကြားရေးက သြဂုတ်လ ၂ ရက်နေ့ စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ဧရာဝတီblog
No comments:
Post a Comment