ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့တွင် အမျိုး ဘာသာ၊ သာသနာ စောင့်ရှောက် ရေးအဖွဲ့ ဖွင့်ပွဲနှင့် ဓမ္မ စာပေဟော ပြောပွဲကို သြဂုတ် ၁၇ရက် မွန်းလွဲ ၁နာရီတွင် သာသနဟိတကာရီ ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ တောင် ငူမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ သံဃာတော် အရှင်သူမြတ် များ နှင့် လူပရိသတ် ၁ဝဝဝကျော် တက် ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ''အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)'' ဥက္ကဋ္ဌ အင်းစိန်ရွာမ ပရိယတ္တိ ဆရာတော်ကြီး၏ သြဝါဒ သဝဏ်လွှာကို ဆရာတော်တစ်ပါး မှ ဖတ်ကြားခဲ့သည်။
ထို့နောက် မြို့နယ်သံဃနာယ ကဥက္ကဋ္ဌဆရာတော်မှ သြဝါဒကထာ မြွက်ကြားခဲ့ပြီး မဘသ(ဗဟို)မှ ဆရာတော်ဒေါက်တာ အရှင်သောပါ က၊ စာရေးဆရာ မောင်သွေးချွန်၊ ဥပဒေအကြံပေး ဦးအေးပိုင်နှင့် ဦး အောင်မြိုင်တို့မှ အမျိုးဘာသာ၊ သာ သနာနှင့် စပ်လျဉ်းပြီး ဓမ္မစာပေ ဟောပြောခဲ့ကြသည်။
အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့(ဗဟို)ကို ၂ဝ၁၃ခု နှစ် ဇွန်လက အင်းစိန်မြို့ အောင်ဆန်း တောရတပ်ဦးကျောင်း၌ ဆရာတော် အပါး ၁၅ဝဝခန့် တက်ရောက်ကာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၄ခု နှစ်၊ ဇွန် ၂၁ရက်နှင့် ၂၂ရက်များက လည်း အဆိုပါကျောင်းတွင် သံဃာ တော်နှင့် ပရိသတ် ၂ဝဝဝကျော် တက်ရောက်ကာ မဘသအဖွဲ့၏ ရှေ့ လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကြောင်း သိရသည်။
ယခုအခါ မျိုးစောင့်ဥပဒေပြ ဋ္ဌာန်းရေးကို မဘသ(ဗဟို)မှ ဦး ဆောင်လှုပ်ရှား လျက်ရှိပြီး အဖွဲ့ခွဲ များကို နိုင်ငံအဝန်းဖွဲ့စည်းနိုင်ရေး အတွက်လည်း ဆောင် ရွက်လျက်ရှိ သည်။
TLWC(Taungu)
Democracytoday
Yangon Media Group
No comments:
Post a Comment