Friday, June 06, 2014

၅၉ (စ) မပြင်ဆင်ရေး ဆန္ဒပြမှုများကို ပြည်ခိုင်ဖြိုးပါတီမှ လုပ်နေခြင်း မဟုတ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ငြင်းဆို


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၅၉ (စ) မပြင်ရေးဆန္ဒပြမှုများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လုပ်နေခြင်းမဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဌ ဦးဌေးဦး က ပြောကြားသည်။

မေ ၆ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးနောက် သတင်းထောက်များ၏ မေးမြန်း ချက်ကို ဦးဌေးဦးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။


သတင်းထောက်တစ်ဦးက မြို့နယ်အချို့တွင် ၅၉ (စ) မပြင်ရေး ဆန္ဒပြမှုများသည် ပြည်ခိုင်ဖြိုးပါတီမှ ဆောင်ရွက်နေသည်ဟု သတင်းများထွက်ပေါ်နေကြောင်းနှင့် ၎င်းသတင်းများ ဟုတ်၊ မဟုတ် ဖြေကြားပေး
ရန် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဦးဌေးဦးက “၅၉ (စ) မပြင်ဖို့ကို ပြည်ခိုင်ဖြိုးပါတီကနေ လုပ်နေတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ တကယ်တမ်း ကျွန်တော်တို့ လုပ်မယ်ဆိုရင် ဒီထက်များနိုင်တယ်။ စနစ်တကျရှိနိုင်တယ်။ ကျွန်တော်တို့လည်း တက်ပြောမှာပေါ့။ မဟုတ်ဘူးလား။ သို့သော်လည်း လူတွေဟာ သူတို့သဘောအလျောက် သူတို့လုပ်နေကြတဲ့အထဲမှာ ပါတီဝင်တွေ ပါနိုင်တာပေါ့။ လူထုထဲမှာ ကျွန်တော်တို့ ပါတီဝင်တွေ အများကြီးရှိတာပဲ။ ပါရင်လည်း ပါမှာပဲ။ သို့သော်လည်း ဦးစီးပြီးလုပ်တာ မရှိပါဘူး။ ပါတီဗဟိုက ညွှန်ကြားတာတွေလည်း မရှိပါဘူ”ဟု ပြန်လည်ဖြေကြားသည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရာထူးအပြောင်းအလဲရှိနိုင်သည်ဆိုသည့် သတင်းကိုလည်း မသိရှိကြောင်းနှင့် တကယ်ဟုတ် မဟုတ်ဆိုသည်မှာ ကာယကံရှင်များသာ သိနိုင်မည်ဟု ပြည်ခိုင်ဖြိုး ဒုတိယဥက္ကဌက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List