Thursday, June 05, 2014

တာဝန်စတင်ထမ်းဆောင်ဖို့ ကျမ်းကျိန်လိုက်ပြီဖြစ်တဲ့ ပါလက်စတိုင်း အစိုးရအဖွဲ့သစ်


ပါလက်စတိုင်းအမျိုးသားပြန်လည်ပေါင်းစည်းရေးအစိုးရဟာတာဝန်ထမ်းဆောင်ဖို့အတွက် ကျိမ်းကျိန်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။အာဏာရပါလက်စတိုင်းသမ္မတ "မာမွတ်အာဘတ" ဟာ အစိုးရအဖွဲ့မှာတာဝန် ထမ်းဆောင်ဖို့အတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးအနောက်ဘက်ကမ်းရိုးတန်းနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အချုပ်အခြာ အာဏာရရှိအောင်လုပ်ဆောင်မှာဖြစ်တယ်လို့ပြောပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရမှာအာဘတ်ရဲ့ အာလက်စတိုင်းအဖွဲ့နဲ့ ဟန်းမတ်စ်အစ္စလာမ်မစ် အဖွဲ့တို့ပါဝင်ကြပါတယ်။ ရာမလာမှာ တနင်္လာနေ့က ကျမ်းကျိန်ဆိုခဲ့တဲ့ဝန်ကြီးများအဖွဲ့မှာအရှိန်အ၀ါကြီးတဲ့ စက်မှုလက်မှုပညာရှင်တွေလည်းပါဝင်ပါတယ်။ 

ဒီလိုဖွဲ့စည်းနိုင်မှုဟာ ပါလက်စတိုင်းလူမျိုးတွေအတွက်ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ စိတ်ဝမ်းကွဲမှုတွေ အဆုံးသတ်စေခဲ့တယ်လို့အာဘတ်ကပြောကြားခဲ့ပါတယ်။သူဟာအစိုးရရဲ့စည်းလုံးမှုအောက်မှာ
လွတ်လပ်တဲ့နိုင်ငံတစ်ခုကို ရအောင်ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

(၂၀၀၇)ခုနှစ်မှာ ဟာမတ်စ်တွေက အာဘတ်ရဲ့လက်အောက်ကနေဂါဇာကမ်းမြောင်ဒေသကိုထိန်းသိမ်း ခဲ့ကတည်းက အနောက်ဘက်ကမ်းရိုးတန်းနဲ့ ဂါဇာကမ်းမြောင်ဒေသဟာ ခွဲခွာခဲ့တာလည်း ဖြစ်ပါတယ်။ အစ္စရေးလူထုက အစိုးရသစ်ကြို ပင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အစ္စရေးခေါင်းဆောင်တွေဟာ ဟားမက်စ်အဖွဲ့ကိုအကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Source;Daily Telegraph
The Myanma Age

No comments:

Post a Comment

My Blog List