Tuesday, June 03, 2014

ဒေါ်စု အား အရှက်ခွဲခဲ့သော ဦးစုကို NLD ပါတီ တရားစွဲမည်ဟု ဆို



ဇွန်လ ၁ ရက်နေ့က တပ်ကုန်းမြို့အ၀င်တွင် ဒေါ်အောင်ဆန်းစုကြည်အား အရှက်ကွဲသွားစေအောင် တုံ့ပြန်ခဲ့သော ဦးစု (ခေါ်) ဦးစန်းလွင်အား NLD ပါတီက တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်းတို့တွင် ပြုလုပ်သော အခြေခံ ဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲများသို့ သွားရောက်ခဲ့ရာတွင် တပ်ကုန်းမြို့နယ်သို့ ရောက်ရှိစဉ် လမ်းဘေး၌ ဆိုင်းဘုတ်ကိုင်၍ ပြင်ဆင်ရေးကန့်ကွက်သူများအား ခေါ်ယူမေးမြန်းစဉ် အရှက်အကြီးအကျယ် ကွဲခဲ့ရပြီးနောက် NLD ပါတီမှ ဦးကိုနီ ဦးဆောင်၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ရန်ကုန်မြို့တွင် ပြုလုပ်စေခဲ့ကြောင်း၊ ၄င်းအား ထိုသို့ အရှက်ခွဲခဲ့သော ဦးစုကို ဥပဒေကြောင်းအရ တုံ့ပြန်ခြင်းနှင့် ဥပဒေပြင်ပ တုံ့ပြန်ခြင်းတို့ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်စေခဲ့ကြောင်း၊ NLD ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီက ဦးစုကို တရားစွဲဆိုနိုင်သည့် ပြစ်မှုဆိုင်ရာပုဒ်များ ရှာဖွေ ဖော်ထုတ်ပေးပြီး တပ်ကုန်းမြို့နယ် NLD ပါတီသို့ အမြန်ဆုံး ပေးပို့သွားရန် ဖြစ်ကြောင်း သိရှိရသည်။ 
သတင်းထောက်အယောင်ဆောင်ထားသော NLD ပါတီဝင်များသည် ဒေါ်စုကို တစ်ခွန်းမျှ ကောင်းစွာ မတုံ့ပြန်နိုင်အောင် တရစပ်စကားလုံးတိုက်စစ် ဆင်ခဲ့သော ဦးစုအကြောင်း စုံစမ်းကာ ပြည်သူများက အထင်အမြင်လွဲမှားစေရန် ကွန်မြူနစ် ဇာတ်ပျက် တစ်ဦး ဟု စွပ်စွဲကာ နာမည်ဖျက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် RFA ၏ နေပြည်တော်တာဝန်ခံသတင်းထောက် ဦးဆောင်ပြီး 7 Day, Eleven, Street View စသည်တို့မှ သတင်းထောက်များ စုပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း၊ သတင်းထောက်အရေခြုံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဦးစန်းလွင်၏ မှတ်ပုံတင်အမှတ်မှာ ၉/ တကန(နိုင်) ၀၂၄၈၅၆ ဖြစ်ကြောင်း၊ နေရပ်လိပ်စာမှာ မ/ ပုန်ညှပ်လမ်း နယ်မြေ (၆) မြ၀တီရပ်ကွက် တပ်ကုန်းမြို့ဖြစ်ကြောင်း၊ ၁၉၈၇ မဆလ ခေတ်က ဆန်စပါးဝယ်ယူရေးမှာ ဥက္ကဌ လုပ်ခဲ့တဲ့သူ ဖြစ်ကြောင်း၊ ထိုစဉ်က ဦးစန်းလွင်ကြောင့် တပ်ကုန်းမှ လယ်သမားတွေ တော်တော်များများ ဒုက္ခရောက်ခဲ့ရသည် ဟု သိရှိရကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ကျေးရွာဥက္ကဌ တာဝန် လုပ်ကိုင်ခဲ့ကြောင်း၊ မိတ္ထီလာ ဆရာထီ၊လယ်ဝေးသပြေပင် သခင်ကြည်ရှိန်၊ဆမူဆာအောင်ကြီး တို့၏ တပည့်အရင်း ဖြစ်ကြောင်း အသရေ ပျက်ယွင်းစေရန် သတင်းဖြန့်ချိမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

တပ်ကုန်းမြို့နယ် NLD ပါတီကလည်း တပ်ကုန်းမြို့နယ် ရဲစခန်းသို့ ဦးစု အား အရေးယူနိုင်ရန် ဖိအားပေးလျက်ရှိပြီး ရန်ကုန်မှ ဦးကိုနီထံမှ ဥပဒေအကြံပြုချက်ရရှိလျှင် တပ်ကုန်းမြို့နယ်အနေဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း၊ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူစေရန် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ ရယူသွားမည် ဖြစ်သလို ဒေါ်စု၏ သားများနေထိုင်သော အင်္ဂလန်နိုင်ငံအစိုးရနှင့် အနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှုများကို တောင်းခံ သွားမည် ဖြစ်ကြောင်း၊ အာဏာပိုင်များကို ဖိအားပေးမှုများ ပြုလုပ်ပြီး တရားရုံးကိုလည်း ဆက်လက် ဖိအားပေးသွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ဒေါ်စုက အငြိုးအတေး ကြီးတယ်။ သူက တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ ဆိုပြီးတော့ တပ်ကုန်းကို အတော်လေး ကြာမှ လာပြီး ရဲစခန်းတွေ၊ တရားရုံးတွေ စစ်ဆေးသလိုမျိုး လုပ်ပြီး ဦးစုကို ထောင်မကျ ကျအောင် ချတော့မယ့် သဘော ရှိတယ်။ ဒါကိုတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ နောက် ဦးစုကို မဟုတ်တမ်းယား သိက္ခာချနေတဲ့ သတင်းထောက်တွေ၊ NLD ပါတီဝင်တွေ၊ ဒေါ်စု အနီးကပ်လူယုံတွေရဲ့ အထောက်အထားတွေ ကျွန်တော်တို့ စုဆောင်းနေတယ်၊ ခိုင်လုံပြီ ဆိုရင် ဦးစုကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်သွားမယ်၊ ဦးစုကို လုံးဝ မကျေနပ်ဘူးဆိုတာကို ဒေါ်စုက ကားပေါ်မှာ တောက်လျှောက် ပြောတယ်၊ တပ်ကုန်း NLD ကိုလည်း ဆူငေါက်သွားတယ်၊ ဦးစုကို အရေးယူနိုင်အောင် လုပ်ဖို့လည်း မှာသွားတယ် ဆိုတာ ကျွန်တော်တို့ သိရတယ်။ ဒါကို ကျွန်တော်တို့ လုံးဝ လက်မခံနိုင်ပါဘူး။ ဦးစုကို အနှောက်အယှက် တစ်စုံတစ်ရာပေးမယ်ဆိုရင် ကျွန်တော်တို့ အဖွဲ့က လုပ်သင့်လုပ် ထိုက်တာတွေ လက်မနှေးဘဲ လုပ်ဆောင်သွားမယ် ဆိုတာ သတိပေးပါရစေ” ဟု တပ်ကုန်းမြို့ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

NLD ပါတီသည် သူကလွဲ၍ လူတကာကို ဝေဖန်နေသည်မှာ တစ်ယောက်မှ မလွတ် ရစရာလည်း မရှိကြောင်း၊ ယခု ဦးစုက တင်းတင်းမာမာ ထောက်ပြခဲ့ရာ အရှက်ကွဲပြီး တရားစွဲမည်၊ အရေးယူမည် ဖြစ်လာသည်မှာ ခွေးသရမ်းကြီး လွတ်နေသည့်အနေအထားမျိုး ဖြစ်နေကြောင်း၊ ခွေးရူးတစ်ကောင် ပတ်ရမ်းပြီး မြင်မြင်ရာ ကိုက်နေသည် ဟု ဆိုချင်ကြောင်း ၄င်းက ဆိုသည်။

ကာယကံရှင် ဦးစု (ခေါ်) ဦးစန်းလွင်ကလည်း NLD ပါတီကို ဥပဒေကြောင်းအရ တုံ့ပြန်သွားမည် ဖြစ်ကြောင်း၊ မဟုတ်မမှန် သတင်းများ ဖြန့်၍ နာမည်ဖျက်နေသော သတင်းထောက်များ၊ NLD ပါတီဝင်များကိုလည်း အသရေဖျက်မှုဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

ပြည်သူ့အာဏာ

No comments:

Post a Comment

My Blog List