Tuesday, June 03, 2014

အိုဘားမား ဥရောပခရီး စတင်


အမေရိကန်သမ္မတအိုဘားမားဟာ ဥရောပခရီးစဉ် ထွက်ခွာသွားပြီး ခရီးစဉ်အတွင်းပိုလန်၊ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်နိုင်ငံ တွေကို သွားရောက်ဖို့ ရှိနေပါတယ်။ ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားသူခွဲထွက်ရေးလှုပ်ရှားမှုတွေနဲ့စစ်ရေးတင်းမာနေ ချိန်မှာပဲ သမ္မတအိုဘားမားရဲ့ အခု ဥရောပခရီးစဉ် ဖြစ်လာတာပါ။

မစ္စတာအိုဘားမားဟာ ယူကရိန်းရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်တော့မယ့် PetroPoroshenko နဲ့ ပိုလန်မှာ တွေ့ဆုံဖို့ရှိပါတယ်။ ဗုဒ္ဓဟူးနေ့နဲ့ကြာသပတေးနေ့တွေမှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရားဇီးလ်မှာ အမေရိကန်မဟာမိတ်တွေနဲ့ တွ့ဆုံဖို့လည်းရှိနေပါတယ်။

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်ဆောင်ရွက်မယ့်  အခုသီတင်းပတ် စက်မှုထိပ်သီးရှစ်နိုင်ငံ အစည်းအဝေးကို သပိတ်မှောက်ဖို့၊ ကျန် နိုင်ငံတွေကဆုံးဖြတ်ပြီးတဲ့နောက် အခုလိုသမ္မတအိုဘားမားအပါအ၀င် ကျန်နိုင်ငံခေါင်းဆောင်တွေ ဘယ်ဂျီယံ မှာတွေ့ဖို့အလျင်အမြန်စီစဉ်ခဲ့ကြတာပါ။

ယူကရိန်းနိုင်ငံက ခွဲထွက်သွားတဲ့ Crimea ကိုရုရှားအောက် ၀င်သွားတဲ့နောက် အခုလိုရုရှားကိုသပိတ်မှောက်ဖို့ ဆုံးဖြတ် ခဲ့ကြတာဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်လည်း အဲဒီအခမ်းအနားကို တက်ရောက်ဖို့ရှိပါတယ်။ 

ဒါပေမယ့်လည်း အမေရိကန်နဲ့ရုရှားခေါင်းဆောင်နှစ်ဦးအဲဒီမှာ စည်းဝေးဖို့ဆိုတာ အစီအစဉ်လုပ်ထားခြင်းမရှိပါဘူး။ ဗြိတိန်ဝန်ကြီးချုပ် David Cameron ကတော့ ရုရှားသမ္မတနဲ့နော်မန်ဒီမှာ တွေ့ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Source;Reuters
The Myanmar Age

No comments:

Post a Comment

My Blog List