Friday, June 06, 2014

D-Day နှစ် (၇၀) မြောက် အခမ်းအနားများကျင်းပ







ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်ဖွဲ့များက ပြင်သစ်ရှိနော်မန်ဒီကမ်းခြေကို အလုံးအရင်းဖြင့် ကမ်းတက်တိုက်ပွဲဆင်နွှဲ၍ စစ်ပွဲကို အလှည့်အပြောင်း ဖြစ်စေ ခဲ့သော တိုက်ပွဲနှစ် (၇၀)ပြည့်မြောက်ချိန်တွင် ယင်း D-Day တိုက်ပွဲမှ အသက်ရှင် ကျန်ရစ်သူ ရာနှင့်ချီသောစစ်ပြန်များသည်အင်္ဂလိပ်ရေလက် ကြား၏ ကမ်းနှစ်ဖက် လုံးတွင် စုဝေးခဲ့ကြသည်။

D-Day အခမ်းအနားမတိုင်မီ ညတွင် Red Arrows လေယာဉ်များက တောင်ပင်လယ်တွင် ပျံသန်းခဲ့ကြပြီး ပြင်သစ်နိုင်ငံတွင် လေထီးတပ်သားများ ဆင်းသက်ခဲ့ကြသည်။

၁၉၄၄ ခုနှစ်က နာဇီတို့သိမ်းပိုက်ထားသော ပြင်သစ်ကိုကျူးကျော်ရန် ပြင်ဆင်နေခဲ့သော ပို့စ်မောက်သ်မြို့ အခမ်းအနားများတွင် ဗြိတိန်ဘုရာမကြီး၏ သမီးတော် အန်းတက်ရောက်ခဲ့သည်။

ကမ်းတက်တိုက်ပွဲစတင်ပြီး နောက်တစ်နေ့တွင် မဟာမိတ်တပ်ဖွဲ့ဝင် ၂,၅၀၀ မှ ၄,၀၀၀ ကြား သေဆုံးခဲ့ သည်ဟု ထင်မှတ်ရသလို ဂျာမနီတပ်ဖွဲ့ဝင် ၉,၀၀၀ အထိ သေဆုံးခဲ့သည်ဟုလည်း ခန့်မှန်းရသည်။ ဒုတိယကမ္ဘာစစ် အလှည့်အပြောင်းဖြစ် စေသော တိုက်ပွဲတွင် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါ နိုင်ငံမှ တပ်ဖွဲ့ဝင်အများစု ပါဝင်သော မဟာမိတ်တပ်ဖွဲ့ဝင် ၁၅၆,၀၀၀ ခန့် နော်မန်ဒီကမ်းတက်တိုက်ပွဲတွင် ပါဝင် ခဲ့သည်။

ကမ်းတက်တိုက်ပွဲစတင်ခဲ့သောနေ့ နှစ်ပတ်လည်အခမ်းအနားများကိုတက်ရောက်ရန် ဗြိတိန်ဘုရင်မကြီး သည် ပြင်သစ်နိုင်ငံတွင် သုံးရက်ကြာနိုင်ငံတော် အလည်အပတ်ခရီးရောက်ရှိနေသည်။ အခြား ကမ္ဘာ့ခေါင်းဆောင် များလည်း နော်မန်ဒီအခမ်း အနားသို့ လာရောက်ကြမည်ဖြစ်သည်။

ဗြိတိန်နိုင်ငံမှ စစ်ပြန် ၆၅၀ ခန့်လည်း Sword ကမ်းခြေ၌ပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်မည်ဟု မျှော်လင့်ရသည်။ အသက် (၈၀၊ ၉၀)ကျော်ပြီ ဖြစ်သော စစ်ပြန်အများစုမှာ အခမ်းအနားကို နောက်ဆုံး အကြိမ်တက်ရောက်ခြင်းဖြစ်နိုင် ပါသည်။

D-Day နေ့အကြိုညက ဗြိတိသျှတပ်ဖွဲ့များ စတင်သိမ်းပိုက်ခဲ့သော Pegasus တံတားတွင် ဗြိတိန်ဝေလ မင်းသား ချားလ်စ်က လွမ်းသူပန်းခွေချခဲ့ပြီး ယင်းနှင့်အတူ ‘‘သင်တို့၏ တာဝန်ကျေပွန်မှုနှင့် စွန့်လွှတ် အနစ်နာခံမှုတို့အတွက် အစဉ်အမြဲကျေးဇူး တင်လျက်’’ဟု ဂုဏ်ပြုစာတန်းရေးထိုးထားသည်။

Ref: CNN
7Day News Journal

No comments:

Post a Comment

My Blog List