Wednesday, June 04, 2014

ထိုင်းနိုင်ငံနေရာသုံးခုမှာ ကာဖြူးအမိန့်ရုတ်သိမ်း


ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ ဒေသသုံးခုမှာ ညမထွက်ရ ကာဖြူးအမိန့်ကို ထိုင်းစစ်တပ်က ရုတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ စစ်တပ်အာဏာ သိမ်းပိုက်မှုမှာ ကမ္ဘာလှည့် ခရီးသည်တွေအပေါ် ထိခိုက်မှု မရှိပေမယ့်လည်း ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာနည်းပါး သွားတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက အဓိက ကဏ္ဍမှာ ပါဝင်တဲ့အတွက် စီးပွားရေးကို မထိခိုက်အောင် ထိုင်းစစ်အစိုးရက ကာဖြူးအမိန့်ကို တချို့ဒေသမှာ ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို ကာဖြူး အမိန့် ရုတ်သိမ်းလိုက်တဲ့နေရာတွေကတော့ ပတ္တရား၊ ဖူးကက်နဲ့ ကော်စမွီ ဒေသတို့ပါဝင်ပြီး တခြားထိုင်းနိုင်ငံ အနှံ့မှာတော့ ကာဖြူးအမိန့်တွေ ချထားဆဲ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List