ထိုင်းစစ်တပ်အာဏာသိမ်းမှုကို ထောက်ခံမှုရယူမည့် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်း အတွင်းဝန်က မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသား ထားသည်။
အတွင်းဝန်ဆီဟဆက်ဖွန် ကတ်ကဲအိုက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဇွန် လ၂ ရက် တွင် တွေ့ဆုံခဲ့သည်ဟု ပြန်ကြားရေးဌာနအကြီးအကဲ ၀န်နမေ့သီကပြောကြားသည်။ အတွင်းဝန်မစ္စတာ ဆီဟဆက်က မြန်မာနိုင်ငံခြားရေးဝန်ကြီးအား ထိုင်းစစ်တပ် အာဏာသိမ်း ကောင်စီက ပြင်ဆင်ထားသည့် ထိုင်းနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိလာမည့် အစီအစဉ်သုံးရပ်ကို ရှင်းပြခဲ့သည်ဟု ဆိုသည်။
အာဆီယံခေါ် အရှေ့တောင်အာရှအသင်း၏ ယခုနှစ် ဥက္ကဋ္ဌဖြစ်သောမြန်မာသည် ထိုင်းနိုင်ငံ၏ လတ်တလော စစ်အာဏာသိမ်းမှု နောက်မှ အမှန်တရားကို အခြားအာဆီယံနိုင်ငံများသို့ ရှင်းပြရာတွင် ကူညီပေးနိုင်သည်ဟု မစ္စတာဆက်က ဆိုသည်။
ထိုင်းနိုင်ငံသည် ဒေသတွင်း အဓိကကျသော နိုင်ငံဖြစ်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်းမှာပင် ထိုင်းနိုင်ငံ၏ စစ်အာဏာသိမ်းမှုများကို စိုးရိမ်နေကြကြောင်း ၎င်းက၀န်ခံပြောကြားသည်။
‘‘အာဆီယံဒေသက ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့အခြေအနေတွေက ဒေသ တွင်းမှာ မလိုလားတဲ့ အကျိုးဆက်တွေ ဖြစ်လာမှာကို အတော်များများက ကြောက်နေကြတယ်။ ထိုင်းက သူရဲ့ ဒေသတွင်းက အခန်းကဏ္ဍရဲ့ တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ ဆက်လက်ကျင့်သုံးသွားမယ်ဆိုတာ မြန်မာနိုင်ငံကို လာပြောတာပါ’’
ထိုင်းစစ်တပ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အစည်း အဝေးခေါ်မည်မဟုတ်ဟုလည်း မစ္စတာဆက်က ပြောသည်။
‘‘အာဆီယံအနေနဲ့ အဖွဲ့ဝင် နိုင်ငံအချင်းချင်း ပြည်ထဲရေးကို ၀င်မစွက်ဘူးဆိုတဲ့ စည်းမျဉ်းရှိတော့ ဒီလို အစည်းအဝေးမျိုးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး’’ဟု ၎င်းကပြောသည်။
ကိုးကား:Bangkok Post
7Day Daily

No comments:
Post a Comment