Monday, June 02, 2014

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ






အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်းပြု လုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို ယနေ့ ဇွန်လ ၂ ရက် နံနက် ၈း ၃၀ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နာရီစင် အနီးရှိ ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားမှူးအဖြစ် ဒေါ်ဟွေဆုန်နှင့် မဟယ်လန် တို့က ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားတွင် ဟားခါး မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရှေ့နေ ဦးဟန်ကျင်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပုဒ်မ ၄၃၆ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုဇော်ဇော်မင်း၊ ကိုအောင်သူ နှင့် ချင်းပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇိုဘွဲ တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတို့နှင့်ပတ်သက်ပြီး ဟောပြောခဲ့ကြကာ ကလေးမြို့နယ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ကိုညီညီထွန်းနှင့် ကလေးမြို့နယ်၊ တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဆလိုင်းငွန် လျန်ဆန်း တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် အမြင်များကို ပြောကြားသွားခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ကလေးမြို့နယ်၊ အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အေးအေးမွန် (ခေါ်) ဒေါ်ရှားမီး က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဆန္ဒလက်မှတ် ထုတ်ဖော်ရေးထိုးကြရသည့် အကြောင်းနှင့် လုပ်ငန်းစဉ်ကို ရှင်းလင်းပြောကြားပြီး နံနက် ၉း ၅၅ နာရီတွင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသော ပရိသတ်နှင့် ပြည်သူများက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

မူလက အခမ်းအနားကို ဟားခါးမြို့၊ ကာစင်ခန်းမ၌ ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သော်လဲ ချင်းပြည်နယ် ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်မရရှိခဲ့သဖြင့် ဟားခါးမြို့၊ ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ၈၈ငြိမ်းပွင့်
The Myanmar Age

No comments:

Post a Comment

My Blog List