Monday, June 02, 2014

၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့် ပြန်လည်မဲခွဲရန် ဖီဖာစီစဉ်


ဇူးရစ်-၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ ဖလားကျင်းပခွင့်ရရန် ကာတာနိုင်ငံ၏ ကြိုးစားမှုအတွင်း ထောက် ခံမှုရရန် ဘောလုံးအာဏာပိုင်များကို ကာတာဘောလုံးအဖွဲ့ ချုပ်အရာရှိ မိုဟာမက်ဘင်ဟာ မန်းက ကန်ဒေါ်လာ ငါးသန်း လာဘ်ပေးခဲ့သည်ဆိုသော ဇွန်လ ၃၁ ရက် သတင်းများကြောင့် ယင်းဆုံးဖြတ်ချက်ကို ပြန်လည် မဲခွဲဆုံးဖြတ်ရန် ဖီဖာက လမ်းဖွင့်ထားသည်ဟု ဖီဖာဥက္ကဋ္ဌ ဂျင်ဘိုက်စ်၏ပြောကြားချက်အရ သိရသည်။

အကယ်၍ ၂၀၂၂ ကမ္ဘာ့ ဖလားကျင်းပခွင့်ရရေး ကာတာ နိုင်ငံက လာဘ်ပေးခဲ့ကြောင်း သက်သေပြနိုင်ပါက ၂၀၂၂ ကမ္ဘာ့ဖလားကို နိုင်ငံပြောင်းလဲ ကျင်းပနိုင်ရန် ဖီဖာက လမ်းဖွင့်ထားမည်ဖြစ်ကြောင်း မစ္စတာ ဘွိုက်စ်က ပြောသည်။

ကာတာနိုင်ငံ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေးအတွက် ထောက် ခံမှုရရှိစေရန် ဘောလုံးအာဏာ ပိုင်ကို အာရှဘောလုံး အဖွဲ့ချုပ် အကြီးအကဲဟောင်း မိုဟာမက် ဘင်ဟာမန်းက ယူရိုငွေ ၃ ဒသမ ၇ သန်း (ပေါင် သုံးသန်း) ပေးခဲ့ သည်ဟု Sunday Times သတင်း ဌာနက ဖော်ပြသည်။

အကယ်၍ အကျင့်ပျက်ခြ စားမှုရှိကြောင်း သက်သေပြနိုင်ပါ က ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကျင်း ပမည့် အိမ်ရှင်နိုင်ငံသစ် တစ်နိုင်ငံ ရှာဖွေရေး ပြန်လည်မဲခွဲဆုံးဖြတ် ရန် ထောက်ခံသွားမည်ဟု မစ္စ တာဘွိုက်စ်က ပြောသည်။

၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေး ကြိုးစားမှုများတွင် ကာတာနိုင်ငံက အမေရိ ကန်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံ တို့ကို ကျော်ဖြတ်ကာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ အတွင်း ကျင်းပခွင့်ရခဲ့ခြင်း ဖြစ်သည်။

ယင်းစွပ်စွဲချက်များကို ဖီဖာ ၏ စုံစမ်းစစ်ဆေးရေးမှူး မိုက်ကယ်ဂါစီယာ စုံစမ်းစစ်ဆေးနေသည်မှာ ကြာမြင့် ပြီဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ကာတာနိုင်ငံကို ကျင်းပခွင့်ပြုလိုက်သည့် ဆုံးဖြတ်ချက်မချမီ အနည်း ဆုံးအချိန်တစ်နှစ်အလိုကပင် မိုဟာမက်အင်ဟာမန်းသည် ကမ္ဘာ့ ဖလားကျင်းပခွင့်ရရေး ၎င်း၏ နိုင်ငံကိုယ်စား စည်းရုံးခဲ့ကြောင်း Sunday Times သတင်းဌာနက ရရှိထားသည့် အီးမေးလ်များတွင် ဖော်ပြသည်။  

Ref: SPORT
7Day News Journal

No comments:

Post a Comment

My Blog List