Thursday, June 05, 2014

ဗီယက်နမ်နိုင်ငံကို ထောက်ပံ့ရေးအစီအစဉ်တွေ ရပ်ဆိုင်းတော့မယ့် ဂျပန်နိုင်ငံ



ဗီယက်နမ်အစိုးရဟာ တံစိုးလက်ဆောင်စားမှုတွေကို တိုက်ဖျက်မှု မရှိဘူးဆိုရင်ပေးအပ်နေတဲ့ ထောက်ပံ့ရေးအကူအညီ တွေကို ရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ဂျပန်အစိုးရက ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဗျူရို အထွေထွေအတွင်းရေးမှူးချုပ်ခီမီဟီရိုအီရှီကိန်းက ဗီယက်နမ်သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးငုရင်ငေါင်ဒေါင်နဲ့ တွေ့ဆုံရာမှာ ဗီယက်နမ်နိုင်ငံ အတွင်းမှာ ဖြစ်ပွားနေတဲ့ တံစိုး လက်ဆောင်စားမှုတွေကို စုံစမ်းစစ်ဆေးမှုမလုပ်ဘူးဆိုရင်နိုင်ငံတွင်းကိုပေးအပ်နေတဲ့ အကူအညီတွေကို ရပ်ဆိုင်းမှာဖြစ်တယ်လို့ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်တွန်းမှုဟာ ဂျပျန်နိုင်ငံအခြေစိုက် ဂျပန်သယ်ယူပို့ဆောင်ရေး အတိုင်ပင်ခံများ ကုမ္ပဏီဟာ ဗီယက်နမ်နိုင်ငံပိုင် မီးရထားဌာနက အရာရှိတွေကို တံစိုးလက်ဆောင်အနေနဲ့ အမေရိကန်ဒေါ်လာ(၆၇၀၀၀၀)ကို ပေးခဲ့တယ်ဆိုတဲ့ တွေ့ရှိမှု အပြီးမှာ ထွက်ပေါ် လာတာလည်းဖြစ်ပါတယ်။

အီရှီကိန်းက အဲဒီ ဖြစ်ရပ်အပြင် တစ်ခြား စီမံကိန်းတွေနဲ့ ဂျပန်နိုင်ငံရဲ့ရန်ပုံငွေနဲ့လုပ်ဆောင်နေတဲ့ စီမံကိန်းတွေအားလုံး ကိုပါစုံစမ်းစစ်ဆေးမှုတွလုပ်ဆောင်ဖို့ ငုရင် ကိုတိုက်တွန်းလိုက်ပါတယ်။ ဒီလို စုံစမ်းမှု တွေမလုပ်ဆောင်နိုင်သေး ဘူးဆိုရင် ပေးအပ်ထားတဲ့ထောက်ပံ့ရေး အကူအညီတွေကိုရပ်ဆိုင်းသွားမှာဖြစ်တယ်လို့လည်း ပြောကြား ထားပါတယ်။

ဗီယက်နမ်နိုင်ငံကတော့ဒီလို တံစိုးလက်ဆောင်စားမှုတွေနဲ့ပတ်သက်ပြီးလက်ထောက် အထွေထွေအုပ်ချုပ်ရေးမှူး အပါ အဝင် မီးရထားအရာရှိ (၆)ဦးကိုဖမ်းဆီးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

The Myanmar Age

No comments:

Post a Comment

My Blog List