Tuesday, June 03, 2014

ပြည်ပခရီးသွားလိုင်စင် အာမခံကြေး ကျပ် သိန်း ၅၀၀ ပေးသွင်းရမှု လက်မခံ


ပြည်ပခရီးသွားလုပ်ငန်း လုပ်ကိုင်လိုတဲ့ ကုမ္ပဏီအနေနဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကို လိုင်စင် အာမခံကြေး ကျပ် သိန်း ၅၀၀ ပေးသွင်းရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် လျာထားတာကို ပယ်ဖျက်ပေး ဖို့ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေက တောင်းဆိုထားကြောင်း မြန်ဂုဏ်မြှင့်ခရီးသွားလုပ်ငန်း မန်နေဂျာ ဒေါ်မေစံပယ်အောင်က ပြောပါတယ်။

(Outbound Tour) ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဆွေးနွေးပွဲမှာ ခရီးသွားလုပ်ငန်းရှင်တွေက တောင်းဆိုခဲ့ တာ ဖြစ်ပါတယ်။

လက်ရှိ တရားဝင် လိုင်စင်မရှိသေးပဲ ပြည်ပခရီးသွားလုပ်ငန်း လုပ်ကိုင်နေတဲ့ကုမ္ပဏီတွေကို လိုင်စင် ထုတ်ပေးဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက စည်းကမ်းမူကြမ်းထုတ်ပြန်ရာမှာ အဲဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုချက်ကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနဘက်က လိုက်လျောမယ်၊ မလိုက်လျောဘူးဆိုတာ မသိသေးပါဘူး။

DVB

No comments:

Post a Comment

My Blog List