Tuesday, June 03, 2014

ပုဒ်မ- ၄၃၆ ပြင်ဆင်နိုင်ရေး လက်မှတ် ဇူလိုင် (၁၉)ရက်နေ့ထိ ကောက်ခံသွားမည်



မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနတွင် အခြေခံဥပဒေပုဒ်မ ၄၃၆ လက်မှတ်ရေးထိုးခြင်းများပြုလုပ်နေကြကြောင်း သိရှိရသည်။ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် လက်မှတ် ရေးထိုးပွဲကို ဇူလိုင်(၁၉)ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတတင်း ရရှိပါသည်။
လက်မှတ်ကောက်ခံနေမှုများနှင့် ပါက်သက်၍ မန္တလေးတိုင်းဒေသကြီး သတင်းနှင့်ပြန်ကြားရေးတာဝန် ယူထားသူ NLD ဦးသိန်းဆွေ က“နေရာအနှံ့ လိုက်ပြီးကြည့်တာ ချမ်းမြသာစည်က လက်မှတ်ထိုးတာ ဒီကနေ့မပါသေးဘူး တစ်သောင်း ခွဲကျော်ပြီ။နောက်တော့ မဟာအောင်မြေမြို့နယ်မှာက လက်မှတ်ထိုးတာ နှစ်သောင်းခွဲကျော်နေပြီ။ နောက်အခြားမြို့ နယ်တွေမပါသေးဘူး။ ဒီမြို့နယ်နှစ်ခုပဲရှိသေးတယ်။ မန္တလေးတိုင်းမှာကဒီဥပဒေကိုပြင်ချင်သူတွေပေါပါတယ်။ 

လိုက်ကောက်စရာမလိုပါဘူး။သူတို့ဖာသာလာပြီး လက်မှတ်လာထိုးကြတာပါ “ဟု ပြောပြခဲ့သည်။

အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် အနယ်နယ်အရပ်ရပ်မှ လာရောက် လက်မှတ်ရေးထိုးကြကြောင်းသိရှိရသည်။

“ကျွန်မအနေနဲ့နိုင်ငံရေးကို သိပ်နားမလည်ပေမယ့် ၊အများကြီးမသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် တာကြောင့် လက်မှတ်ရေးထိုးပေးတာပါ။ 

ဒေါ်အောင်ဆန်းစုကြည်ကို ဒီနိုင်ငံရဲ့သမ္မတအနေနဲ့ မြင်ချင်တယ်။ နောက် ကျွန်မတို့နိုင်ငံကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်မယ်လို့ယုံကြည်တာ ကြောင့် အခုလိုလက်မှတ်လာပြီးထိုးတာပါ ” ဟု ချမ်းမြသာစည်ရပ်ကွက် တွင်နေထိုင်သူ မနွယ်နွယ်ဝင်းမှ ပြောပြခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင် လက်မှတ်ရေးထိုးပွဲကို မေလ၂၇ ရက်နေ့မှ စတင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ၄၃၆ကို ပြင်ဆင်မည်ဆိုပါက လွတ်တော်ထဲရှိ ကိုယ်စားလှယ် ၇၅ရာခိုင် နှုန်းကျော် ထောက်ခံမှ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း၊ ၇၅ရာခိုင်နှုန်းကျော် ထောက်ခံသော်လည်း ပြည်သူ့ ကိုယ်စား မပြုသည့် တပ်မတော်သား လွှတ်ကိုယ်စားလှယ်(၂၅) ရာခိုင်နှုန်း ထောက်ခံခြင်းမပြုပါက ပြင်ဆင်၍ မရနိုင်ကြောင်း၊ ထို့အပြင် လွှတ်တော်မှ ၇၅ရာခိုင်နှုန်းကျော် ထောက်ခံ အတည်ပြုချက်ရယူပြီးပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်သည့်အခါ ဆန္ဒမဲပေးပိုင်ခွင့်ထက်ဝက်ကျော် ထောက်ခံမှသာ ပုဒ်မ ၄၃၆ကို ပြင်ဆင်နိုင်မည်ဟု ဖွဲ့စည်းပုံအရပြဌာန်းထားကြောင်း သိရသည်။

The Myanmar Age

No comments:

Post a Comment

My Blog List