Monday, June 02, 2014

ဆီးရီးယားသမ္မတ ရွေးကောက်ပွဲ အီရန်ထာက်ခံ

  
အီရန် ထိပ်တန်းခေါင်းဆောင်တွေဟာ မြို့တော် တီဟီရန်မှာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့က တွေ့ဆုံပွဲတခု ပြုလုပ်ပြီး လာမဲ့ ဇွန် ၃ ရက်နေ့မှာ ကျင်းပမယ့် ဆီးရီးယားသမ္မတရွေးကောက်ပွဲကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဆီးရီးယားအရေးကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံက ဆီးရီးယားရွေးကောက်ပွဲကို ကန့်ကွက်ထားပြီး ဆီးရီးယားသူပုန်တွေကို ပိုမိုထောက် ပံ့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဆီးရီးယားနိုင်ငံအရေးဟာ ဆီးရီးယားပြည်သူတွေရဲ့ အရေးသာဖြစ်ပြီး ဆီးရီးယားပြည်သူတွေသာ ဆုံးဖြတ် ခွင့်ရှိတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရီဖ်နဲ့ အီရန်နိုင်ငံရဲ့ ထိပ်တန်းအကြံပေး အစ္စလာမ်တို့က ပြောဆိုခဲ့ကြပါတယ်။

အီရန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ အလာဒင် ဘိုရိုဂျာဒီ (Alaeddin Boroujerdi) ကလည်း ဆီးရီးယားရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ ဘယ်သူ့ကိုမဆို ထောက်ခံမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားသမ္မတရွေးကောက်ပွဲကို ဇွန် ၃ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ဆီးရီးယားအတိုက်အခံနဲ့ သူပုန်တွေ ကတော့ ရွေးကောက်ပွဲကို တိုက်ခိုက်မယ်လို့ ကြေညာထားပါတယ်။

DVB

No comments:

Post a Comment

My Blog List