Monday, June 02, 2014

အမုန်းမပွားကြဖို့ ပန်းစကားက သီချင်းတွေ ဖြန့်မည်



လူမျိုးရေးဘာသာရေးအမုန်းပွားစေတဲ့ စကားတွေ မပြောဆိုကြဖို့ ပညာပေး လှုံ့ဆော်ထားတဲ့ တေးသီချင်း MTV အခွေချပ်ရေ ၁ သိန်းကျော်နဲ့ အိပ်ဆောင် စာအုပ်တွေကို တနိုင်ငံလုံး အတိုင်း အတာနဲ့ဖြန့်ဝေသွားမယ်လို့ “ပန်းစကား” အဖွဲ့က ပြောပါတယ်။
ပြည်ပရောက်မြန်မာနိုင်ငံသားတွေစုပေါင်းဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ၂၀၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားမှာ၊ ဆုရရှိခဲ့တဲ့ ပန်းစကားအဖွဲ့ ရဲ့ ဦးဆောင်သူ စာရေးဆရာ ဘလော့ဂါ ကိုနေဘုန်းလတ် က အခုလိုပြောခဲ့ပါတယ်။

"ပန်းစကားလှုပ်ရှားမှုရဲ့ နောက်တဆင့်အနေနဲ့ အလိုလူကြီးမင်းဆိုတဲ့ သီချင်းကိုအခုတော့ အကြမ်းသွင်း ထားပြီးပြီပေါ့နော်၊ အွန်လိုင်းမှာရှိတယ် ဒါပေမဲ့ အကြမ်းမဟုတ်ပဲနဲ့ အဆိုတော်တွေပါ ဆိုပြီးတော့ အဆိုတော်တွေ နဲ့ MTV တွေရိုက်ပြီးတော့MTV အခွေလေးကို တနိုင်ငံလုံး အတိုင်းအတာ နဲ့ ဖြန့်သွားဖို့ရှိတယ် နောက်တစ်ခုစီစဉ်နေတာကတော့ အဲ့ဒီ ပန်းစကား ဆိုတဲ့ စာအုပ်ပေါ့နော် အဲ့ဒီအထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စကားတွေပါမယ် အဲ့ဒါလေးတွေကို အိပ်ဆောင်စာအုပ်လေးတွေအနေနဲ့ ပန်းစကားစာစဉ် ၁၊၂၊၃၊၄ ဆိုတဲ့ပုံစံမျိုးနဲ့ အဲ့ဒါတွေထပ်ပြီး ဖြန့်သွားမှာပေါ့"

ပြည်သူ့ဂုဏ်ရည် အထူးဆု ရရှိခဲ့တဲ့ ပန်းစကား အဖွဲ့ကို ပြီးခဲ့တဲ့ ဧပြီလက စတင်ထူးထောင်ခဲ့တာဖြစ်ပြီး သင်္ကြန် ကာလအတွင်း လူမျိုးရေး ဘာသာရေးအမုန်းပွားစေတဲ့ စကားတွေ မပြောဆိုကြဖို့ နှင်းဆီပန်း တွေ လိုက်ဝေလှုံ့ဆော် ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနှစ်၂၀၁၄ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် က ရရှိခဲ့ပြီး အထူးဆုတွေအနေနဲ့ ပန်းစကားအဖွဲ့၊ One More Foundation နဲ့ မခင်နှင်းကြည်သာ တို့က ရရှိခဲ့ပါ တယ်။

၂၀၀၉ ခုနှစ်က စတင်ပေးအပ်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းနားတွေကို အမေရိကန် ပြည်ထောင်စုနဲ့ ကိုရီးယားနိုင်ငံတွေမှာ ကျင်းပခဲ့ပြီး အခုပေးအပ်တဲ့ ၅ ကြိမ်မြှောက် ဆုပေးပွဲဟာ မြန်မာနိုင်ငံအတွင်းမှာ ပထမဆုံး အကြိမ် ပေးအပ်တဲ့ အခမ်းနားလည်းဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List