Thursday, June 05, 2014

သက်ဆင်ကိုလိုလားသောရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများကို ထိုင်းစစ်အစိုးရဖယ်ရှား


ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို သစ္စာခံသည်ဟုသတ်မှတ်ခံထားရသော အရာရှိများ၏သြဇာအာဏာ အားနည်းသွားစေရန် ထိုင်းစစ်ဘက်က စနစ်တကျနေရာရွှေ့ပြောင်းမှုများပြုလုပ်နေသည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

စစ်အစိုးရ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး အမျိုးသားကောင်စီ၏အဆိုအရ ပြည်နယ်ဒေသ ၁၃ ခုမှ အုပ်ချုပ်ရေးမှူး ၁၃ ဦးကို နေရာရွှေ့ပြောင်းလိုက်ပြီဖြစ်သည်။ အများစုမှာ သက်ဆင်ကိုလိုလားသော နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှဖြစ်သည်။

စစ်အစိုးရက ရဲတပ်ဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းမှုများလုပ်ဆောင်နေသည်။ ရဲတပ်ဖွဲ့မှာ သက်ဆင်နှင့်ရာထူး မှဖြုတ်ချခံရသော ဝန်ကြီးချုပ်ယင်လပ်ထောက်ခံမှုအမာခံနယ်ပယ်ဟု အချိန်ကြာမြင့်စွာ ရှုမြင်ခံထားရသည်။ သက်ဆင်သည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမထူထောင်မီ ရဲအရာရှိအဖြစ် ၁၃ နှစ်ကြာလုပ်ကိုင်ခဲ့သည်။

‘‘၂၀၀၆ ခုနှစ်က သူတို့စပြင်ခဲ့တာကို အပြီးသတ်ကြပါလိမ့်မယ်။ သက်ဆင်သစ္စာခံတွေ (နိုင်ငံရေးမှ) တစ်ကျော့ပြန်လာရေးခက်ခဲအောင်လုပ်ကြလိမ့်မယ်’’ဟု Siam ထောက်လှမ်းရေးယူနစ်မှ နိုင်ငံရေးဆန်း စစ်လေ့လာသူ ကန်ယွမ်ယောင်းကပြောသည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုအတွင်း ဝန်ကြီးချုပ်နေရာမှ ဖယ်ရှားခံခဲ့ရသည်။

Ref: Reuters
7Day News Journal

No comments:

Post a Comment

My Blog List