Wednesday, June 04, 2014

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်မည်



ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသည် ၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို (၇-၆-၂၀၁၄) စနေနေ့ နံနက်တွင် တစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း ထုတ်ပြန်မည် ဖြစ်သည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို တိုင်းဒေသကြီး၊ ပြည်နယ်မြို့နယ် အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန များတွင် ထုတ်ပြန် ကြေညာထားပြီး အထက(၁) အင်းစိန်၊ အထက(၁) ရန်ကင်း၊ အထက(၃) ကမာရွတ်၊ အထက(၁) လမ်းမတော်၊ အထက(၂) ဒဂုံနှင့် အထက(၁) သင်္ဃန်းကျွန်း စသည့် ကျောင်းများတွင် ရန်ကုန်တိုင်း ဒေသကြီးမှအပ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ အောင်စာရင်းများကို ကြေညာထားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား ကျင်းပခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာန ၁၂၇၈ ခု၊ နိုင်ငံခြား စာစစ်ဌာန ၁၈ ခု၊ စုစုပေါင်း စာစစ်ဌာန ၁၂၉၆ ခုတို့၌ ဖြေဆိုသူ စုစုပေါင်း ၄၈၇၀၀၀ ကျော် ၀င်ရောက်ဖြေဆိုခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်စဉ်ဝင်ရောက် ဖြေဆိုသူ ကျား၊ မ ဦးရေ စုစုပေါင်း ခြောက်သိန်းကျော် ရှိကြောင်း သိရသည်။

No comments:

Post a Comment

My Blog List