Thursday, June 05, 2014

ကာချုပ်နှင့် ကေအင်န်ယူဥက္ကဋ္ဌ ခြောက်ကြိမ်မြောက် တွေ့ဆုံသောအခါ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကေအင်န်ယူ ကရင်အမျိုးသားအစည်း အရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီခွှဲအထိ နေပြည်တော်၌ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးကို မဖြစ်မနေ အောင်မြင်မှုရရှိသည်အထိ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

စောမူတူးစေးဖိုးက မိမိတို့အနေဖြင့် တစ်ဦးနှင့်တစ်ဦး အနိုင်ယူအမြတ်ထုတ်ရန် မရှိဘဲ ရိုးရိုးသားသားဖြင့် ငြိမ်းချမ်းရေးရအောင် တည်ဆောက်သွားမည်ဖြစ်ကာ ဆွေးနွေးမှုများတွင် အမြင်မတူသည်များကို သဘော
ထားကြီးကြီး စိတ်ရှည်ရှည်ဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်အား ပြော ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ကလည်း တပ်မတော်အနေဖြင့် လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင် သည်အထိ ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားကာ တပ်မတော်တွင်ရှိသည့် စွမ်းအားများဖြင့် ကူညီသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့၏ ယခုတွေ့ဆုံမှုမှာ ခြောက်ကြိမ် မြောက်ဖြစ်သည်။

စောမူတူးစေးဖိုးနှင့် အဖွဲ့သည် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ပြီး ဇွန်လ ၅ ရက်နံနက် တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ဆက်လက်တွေ့ဆုံသွားမည်ဖြစ်သည်။

7 Day Daily

No comments:

Post a Comment

My Blog List