Friday, June 06, 2014

ဦးမြအေး ၏ ကျန်းမာရေး အခြေအနေ


၈၈ မျိးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးသည် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ယနေ့ (ဇွန်လ ၆ ရက်)တွင် ဆေးကုသမှု ခံယူရမည်ဟု  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းမှ သတင်း ရရှိသည်။‘‘သူ့မျက်နှာ  ပြာလာတာကိုတော့ တွေ့တယ်။ ဘယ်ဆေးရုံမှာ တက်နေတာလဲ ဆိုတော့ ပြောပြလို့မရသေးဘူး’’ ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဥပဒေရေးရာ တာဝန်ခံ ဦးမာကီးက ပြောသည်။

ဇွန် ၆ ရက် ညနေတွင် ဆေးကုသမှု ခံယူမည်ဖြစ်ပြီး ဆရာဝန်၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုလည်း ပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မေ ၂ ရက်က ဦးမြအေးသည် နှလုံးသွေးကြောကျဉ်းရောဂါကို ရန်ကုန်မြို့ရှိ ပန်းလှိုင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူခဲ့ရသည်။

ဦးမြအေး၏ ကျန်းမာရေးအခြေအနေကြောင့် ဇွန် ၁၄ ရက်တွင် သွားရောက်ရန် စီစဉ်ထားသည့် ကချင်ပြည်နယ်၌ ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက သွားရောက်ဟောပြောပေးမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List