Monday, June 02, 2014

ထိုင်းစစ်တပ် အာဏာပြန်လွှဲဖို့ တစ်နှစ်ခန့်ကြာမည်



ထိုင်းနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးပြန်ရဖို့အတွက် ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ဖို့က အနည်းဆုံးအချိန် တစ်နှစ် လောက် လိုဦးမယ်လို့ ထိုင်းစစ်တပ်ခေါင်းဆောင်က ပြောသွားခဲ့ပါတယ်။ရွေးကောက်ပွဲ မကျင်းပခင်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ရမယ်လို့ ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က မိန့်ခွန်းပြောသွားပါတယ်။ 
ဒီအတောအတွင်းမှာပဲ ထိုင်းနိုင်ငံမှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးပြီး အထွေထွေ ရွေးကောက်ပွဲတွေချက်ခြင်း ကျင်းပပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Chuck Hagel က အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

လူငါးယောက်ထက်ပိုပြီး မစုဝေးဖို့ ပိတ်ပင်ထားတာနဲ့ သတင်း မီဒီယာအပေါ်တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတာတွေ အပါအဝင်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ် ထားတာ အဆုံးသတ်ဖို့လည်း စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလံခြုံရေးဆိုင်ရာ Shangari La ဆွေးနွေးပွဲအတွင်း မစ္စတာဟေဂဲလ်က တောင်းဆိုခဲ့ပါတယ်။

Source; Straight Time
The Myanmar Age

No comments:

Post a Comment

My Blog List