ဝါဆိုမိုးဦးက ကချင်ဒါရိုက်တာ၊ ကချင်သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းတွဲရိုက်ကူးထားပါတယ်။ ဇာတ်ကား တစ်ကားလုံး ကချင်တွေနဲ့သရုပ် ဆောင်ခဲ့ရတာနဲ့ပတ်သက်ပြီး ဝါဆိုမိုးဦးက "
ဝါဆို ကချင်တွေရိုက်တဲ့ဇာတ်ကားထဲမှာသရုပ်ဆောင် ဖြစ်တယ်။ Sky Net စီးရီးဇာတ်လမ်းတွဲအတွက် ရိုက်တာပေါ့။ အဲဒီတစ်ကားလုံး ကချင်သရုပ်ဆောင်တွေချည်းပဲ။ ဝါဆိုတစ်ယောက်ပဲ ဗမာပါတာ။ မင်းသားနဲ့ ဆေးတက္ကသိုလ်မှာ တွေ့ကြတယ်။မိဘတွေသဘောမတူဘူးဆိုတော့ နိုင်ငံခြားထွက်သွားတာပေါ့။
ဝါဆိုနဲ့ရိုက်တဲ့အခန်းက မြန်မာလိုပြောတယ်။ ကျန်တဲ့အခန်းတွေအကုန်လုံးက ကချင်လိုပြောကြတယ်။ မြန်မာလို မနည်းပီအောင်ပြောနေကြရတာ။ အမှတ်တရလို့လည်း ပြောလို့ရတယ်" လို့ ပြောပါတယ်။ ဝါဆိုမိုးဦး က ဇူလိုင်လမှာကျ ရောက်မယ့် မွေးနေ့ပွဲကိုပရိသတ်တွေ၊အနုပညာမောင်နှမတွေနဲ့ဆင်နွှဲဖို့စီစဉ် နေတယ်လို့ ပြောပြပါတယ်။ " ဝါဆို့မွေး နေ့က ဇူလိုင်၂၇ ရက် နေ့ဆိုတော့မွေးနေ့ လုပ် ဖို့စဉ်းစားထားတာ။ ဒါပေမဲ့ ဟိုတယ်ဒိတ်က၁၉ ရက်နေ့ရတော့ အဲဒီနေ့မှာလုပ်ဖြစ်မယ်။
အခု အနုပညာအလုပ်တွေလည်းလုပ်ရင်း မွေးနေ့အတွက်လည်း စီစဉ်နေတယ်။ ဝါဆို အနုပညာ မောင်နှမတွေ၊ သူငယ်ချင်း တွေ၊မိတ်ဆွေတွေ၊ဝါဆို့ ပရိသတ် တွေလည်းပါနိုင်အောင် အားလုံး ပျော်နိုင်အောင်ပေါ့။အယောက် ၅ဝဝ လောက်ဖိတ်မယ်။ဝါဆို၁၈နှစ် ပြည့် တုန်းကလည်းလုပ်ဖို့ စဉ်းစားပေ
မယ့် မလုပ်ဖြစ်ခဲ့တော့ဒီ၂ဝပြည့် တဲ့နှစ်မှပဲလုပ်ဖြစ်တာပါ။
ဝါဆို ကမွေးနေ့ပွဲတွေလုပ်ရတာ တအားသဘောကျတယ်။ အဲဒါကြောင့် လုပ်ဖို့စီစဉ်ဖြစ်တာပါ" လို့ ပြော ပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal
No comments:
Post a Comment