Thursday, June 05, 2014

ယူကရိန်းအရေးနှင့်ပတ်သက်၍ တားဆီးပိတ်ဆို့မှုအသစ်များ ချမှတ်နိုင်ကြောင်း ဂျီ-၇ အဖွဲ့က ရုရှားအားသတိပေး


ယူကရိန်းနိုင်ငံတွင် ရုရှား၏လုပ်ရပ်များကြောင့် ရုရှားနိုင်ငံအပေါ် တားဆီးပိတ်ဆို့မှုများ ထပ်မံချမှတ် သွားနိုင်ကြောင်း ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံစည်းဝေးနေသော ဂျီ-၇ စက်မှုနိုင်ငံခေါင်းဆောင်များက ပြော ကြားလိုက်သည်။ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ဆက်လက်ချိုးဖောက်နေခြင်းအတွက် မော်စကို ကိုရှုတ်ချလိုက်ကြောင်း  ပူးတွဲကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ယခုထိပ်သီးအစည်းအဝေးသည် ရုရှားက ခရိုင်းမီးယားဒေသကို မတ်လတွင် ၎င်း၏နယ်မြေအတွင်း သွတ်သွင်းလိုက်ပြီး ရုရှားအား ဂျီ-၇အဖွဲ့မှ ထုတ်ပယ်လိုက်ပြီးနောက်ပိုင်း ပထမဆုံး ပြန်လည်ကျင်းပသည့် အစည်းအဝေးဖြစ်သည်။

ပိုလန်နိုင်ငံတွင်အစောပိုင်း၌ရှိနေစဉ် ယူကရိန်း၌ အောက်လမ်းနည်းဗျူဟာများ ၎င်းခေါ်ဆိုသောကိစ္စရပ်များ အပေါ် သမ္မတအိုဘားမားက  မော်စကို အား သတိပေးခဲ့သည်။

ဂျီ-၇ ခေါင်းဆောင်များသည် ဗုဒ္ဓဟူးနေ့ညနေက ထိပ်သီးဆွေးနွေးပွဲ အဖွင့်ညစာစားပွဲအတွက် စုဝေးခဲ့ကြ သည်။ယူကရိန်းနိုင်ငံ၏အချုပ်အခြာအာဏာပိုင် လိုမှုနှင့် နယ်မြေဆက်လက်ထိပါးမှုအပေါ် ရုရှားနိုင်ငံအား ရှုတ်ချရာတွင် ကျွန်ုပ်တို့ တစ်စုတစ်ဝေးတည်း ရှိနေကြသည်ဟုခေါင်းဆောင်များက ပူးတွဲကြေညာချက် တစ်ရပ်တွင် ပြောကြားသည်။

အခြေအနေအရ လိုအပ်လာပါက ရုရှားနိုင်ငံအပေါ်ထပ်မံ၍ ကန့်သတ်မှုများ ပိတ်ဆို့တားဆီးမှုများ ချမှတ် သွားရန်အဆင်သင့်ရှိသည်ဟုလည်း ခေါင်းဆောင်များက ပူးတွဲကြေညာချက်တွင် ဖော်ပြသည်။

‘‘ယူကရိန်းနိုင်ငံမှာ နောက်ထပ်မတည်ငြိမ်မှုတွေဖြစ်ခွင့်မပေးနိုင်ပါဘူး’’ဟု ဂျာမနီ အဓိပတိ အန်ဂျလာ မာကယ်က  သတင်းထောက်များအားပြောကြား သည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List