ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ မေလ ၁၈ ရက်နေ့ ဒီနေ့ မနက်က ကျင်းပခဲ့ပါတယ်။
မန္တလေးမြို့ဒေသခံတွေအပြင် စစ်ကိုင်း၊ မကွေး နဲ့ ကယားပြည်နယ်တွေက ဒေသခံတွေလည်း ပူးပေါင်းပါဝင်ခဲ့ ကြပါတယ်။
ပုဒ်မ ၄၃၆ ကို လွှတ်တော်တွင်းက ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်တိုင်းပြည်လုံး အတိုင်း အတာနဲ့ လက်မှတ်တွေ ကောက်ယူသွားမှာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် လက်မှတ်ရေးထိုးတောင်းဆိုနိုင်သလို သက်ဆိုင်ရာ ကျေးရွာ မြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေမှာ လာမယ့် မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ လက်မှတ်ရေးထိုးနိုင်တယ်လို့ မနေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ကျင်းပတဲ့ပွဲမှာ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်က ကြေညာခဲ့ပါတယ်။
RFA Burmese
No comments:
Post a Comment